1970 ပြည့်နှစ်အလွန်ကာလများအတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလတွင် The NewYork Times သတင်းထောက်ဖြစ်သူ Sydney Schanberg ဟာဒေသခံ သတင်းထောက်ဖြစ်သူ Dith Pran နဲ့အတူစစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများ ကြေကွဲဖွယ်ရာ များကို သတင်းယူနေခဲ့ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် 1975 ခုနှစ် အရောက်မှာတော့ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွါခဲ့ရတဲ့အခါ Dith Pranက မိသားစုကို လုံခြုံရာကို ပို့ပြီးတော့ Schanberg နဲ့ အတူ ကျန်နေခဲ့ပါတယ်။သို့သော် ခမာနီတပ်တွေ ဖနွမ်းပင်မြို့ထဲကို ဝင်ရောက်လာတဲ့အခါ Schanberg မှာ ထွက်ခွါခွင့်ရသော်လည်း Dith Pran ဟာခမာနီများထံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။Schanberg လည်း အမေရိကန်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ Dith Pran ကို မနားမနေ ရှာဖွေခဲ့ရင်း နောက်ဆုံးမှာသူတို့မိတ်ဆွေနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ပြန်တွေ့သွားမလားဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။