Pearl ဟာ The Wizard of Oz, The Texas Chain Saw Massacre နဲ့ Mary Poppins စတဲ့ ဟောလိဝုဒ်ရွှေခေတ်ကကားတွေကို homage ပေးထားတဲ့ ဇာတ်ဝင်ခန်းတွေကို သုံးထားသလို Horror Slasher ကားပေမဲ့ ဒီအရသာတွေထက် ကလပ်စစ်ရုပ်ရှင်တစ်ကားလို ဟန်ပန်နဲ့ စီနီမာတွေက ပိုဖုံးလွှမ်းသွားပြီး Horror ကား တစ်ကားကြည့်ရတာနဲ့မတူဘဲ ဒါမှ ရုပ်ရှင်ကွလို့ ထအော်လို့ရတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုပါပဲ။ လူတိုင်းတော့ ကြိုက်ပါ့မလား မသိပေမဲ့ တော်တော်တော့ ကြည့်ရအရသာရှိတဲ့ ကားပါပဲ။ X ကိုကြိုက်တဲ့သူတွေဟာ Pearl ကို ပိုကြိုက်နိုင်ခြေများသလို X ကို မကြိုက်ခဲ့တဲ့သူတွေလည်း Pearl ကို ကြိုက်နိုင်ခြေရှိတာမို့ မြည်းတော့ မြည်းစမ်းကြည့်သင့်ပါတယ်။ A24 ကားဖြစ်သလို မာတင်စကောဆေးစိတောင် ချီးကျူးရတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တာပါပဲ။ ဒီနှစ်ကားလုံးရဲ့ ဇာတ်လိုက်ကျော်ကြီးတွေဖြစ်တဲ့ ပါးလ်နဲ့ ဟောင်းဝက်စ်ဟာ Ray and Faye Copeland ဆိုတဲ့ လူသတ်မှုနဲ့သေဒဏ်ပေးခံခဲ့ရတဲ့ ဆိုက်ကို လင်မယားကို အခြေတည်ပုံဖော်ထားတာဖြစ်ပြီး Faye Copeland ဟာ သေဒဏ်ပေးခံရတဲ့ အသက်အကြီးဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။