The Pebble and the Penguin FHD

The Pebble and the Penguin

Comedy Family Adventure Animation FHD 1995-04-12 5.1 74 Min

ဒီဇာတ်လမ်း‌လေးက rating 5.5/ 10 ရရှိထားတဲ့adventure comedy animation လေးပါဇာတ်လမ်းလေးက အယ်ဒေလီပင်ဂွင်းများအကြားလှပသော ယဉ်ကျေးမှုတစ်ခု ရှိတယ်တစ်နှစ်တစ်ခါ သူတို့ရဲ့ လက်တွဲဖော်ရှာတဲ့ကာလတွေမှာပင်ဂွင်းအထီးတွေအကုန်လုံးက အန်တာတိတ်ကမ်းခြေတွေမှာစုနေကြတယ်အဲဒီမှာ တစ်‌ဦးချင်းစီက ထူးခြားသော ပြည့်စုံ‌သော ‌ကျောက်တုံးလေးတစ်လုံးကို ရွေးချယ်ကြတယ်။ပြီးတော့ အဲကျောက်တုံးကို လက်ထဲမှာ ကိုင်ပြီးပင်ဂွင်းမလေးက အဲဒါကိုလက်ခံလိုက်တာနဲ့သူတို့ကဘဝလက်တွဲဖော်တွေဖြစ်သွားပြီလို့သတ်မှတ်ကြတဲ့အစဉ်အလာလေးရှိတယ်ဇာတ်လမ်းလေးက ဟျူဘီလို့ခေါ်တဲ့ ပင်ဂွင်းလေးကသူအရင်ကတည်းက ကြိုက်ခဲ့ရတဲ့ ပင်ဂွင်းမလေးနဲ့နီးစပ်ဖို့ကြိုးစားတဲ့အကြောင်းလေးပါ ၊ သူအကောင်းဆုံးကျောက်တုံးလေးကိုရှာတွေ့ပြီးပင်ဂွင်းမလေးကို ပေးနိုင်မလား ၊ ဘာအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကိုဟာသ‌ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ကြည့်ရှုခံစားရမှာပါလူကြီလူငယ်တိုင်းကြည့်ရှုခံစားလို့ရတဲ့ချစ်စရာကောင်းတဲ့ Animation movie လေးဖြစ်ပါတယ် ။