ဒီဇာတ်ကားလေးကတော့ American Filmmaker & Animatorတစ်ယောက်ဖြစ်တဲ့ Don Bluth ရဲ့လက်ရာဖြစ်ပါတယ်။Don Bluth ဆိုတာနဲ့ The Land Before Time တို့An American Tail တို့ကိုပြေးမြင်မိကြမှာပါ။ဒါဆိုရင်တော့ Don Bluth နာမည်နဲ့တွဲပြီးတော့မှတ်ဖို့အတွက်ဒီဇာတ်ကားလေးလည်း တစ်ခုအပါအဝင်ဖြစ်လာမှာပါ။Live Action နဲ့ Animation ကိုရောယှက်ထားပြီးတော့Edmond ဆိုတဲ့ကောင်လေးရဲ့ညအိပ်ရာဝင်ပုံပြင်တွေကနေတစ်ဆင့်တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ Fantasy World ထဲကိုအလည်သွားမယ့်ဇာတ်ကားလေးလို့ပြောရင်လည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Chanticleerဆိုတဲ့ကြက်ဖလေးကသူ့ရဲ့တွန်သံကြောင့် နေထွက်တယ်လို့ယုံကြည်ထားပြီးတော့ခြံထဲမှာလည်းသူ့ရဲ့အလုပ်က နေမင်းကိုနှိုးဖို့ပါ။Chanticleer ခြံထဲကနေထွက်သွားတဲ့နေ့ကစလို့နေကိုမမြင်ရတော့ပါဘူး။ဒီတော့ Edmond နဲ့ Chanticleer ရဲ့သူငယ်ချင်းဟောင်းတို့ Chanticleer ကိုဘယ်လို အခက်အခဲတွေကြားကနေခြံထဲကိုပြန်ခေါ်ပြီး သူ့တွန်သံနဲ့နေအလင်းရောင်ကိုကမ္ဘာမြေပေါ်ဖြန့်ကျဲနိုင်အောင်ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Animation ဇာတ်ကားလေးဖြစ်ပေမယ့်လည်းအတုယူစရာ၊ သင်ယူစရာတွေလည်း ပြည့်နက်နေပါတယ်။တစ်ဦးတစ်ယောက်ရဲ့ Self-Beliefဘယ်လောက်အရေးပါတယ်၊ယုံကြည်မှုနဲ့ စည်းလုံးမှုရဲ့ အင်အားတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။IMDB မှာလည်း Rating 6 ထိရထားတာမလို့ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာတော့မလွဲမသွေပါပဲ။ ကလေးငယ်တွေအပြင် 90s Animation လေးတွေကိုလွမ်းဆွတ်တမ်းတနေတဲ့လူတွေကို အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။