ဒီကားက ၁၉၉၆ မှာထွက်တဲ့ကားပါ ခင်ဗျ။ ဒီဇတ်ကားမှာ ပေါလ် ရှန်နွန် (မောဂန်ဖရီးမန်းကြီး) က Moore Foundation ကလူပါ အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ဟိုဒရိုဂျင်လောင်စာ ပရောဂျက်ကို ကိုင်တွယ်နေသူပေါ့။ ပေါလ်က ဟိုက်ဒရိုဂျင်လောင်စာဆဲလ် ကိုသုံးပြီး တစ်ကမ္ဘာလုံးကို အခမဲ့စွမ်းအင်ထောက်ပံ့ပေးချင်နေတဲ့ ဒေါက်တာ အဲလက်စတာကို ခေါင်းဆောင်ထားပြီး ဟိုက်ဒို လောင်စာဆဲလ် သုတေသနပြုအဖွဲ့နဲ့ လက်တွေ့လောင်စာထုတ်လုပ်နိုင်ဖို့ သုတေသနလုပ်ကြပါတယ်။ အက်ဒီကဆဲလဘစ်ခ်ျ (ကီနျူးရီဗ်) က ဒီပရောဂျက်မှာ စက်ပိုင်းဆိုင်ရာ ကူညီပေးရင်း ကျောင်းဆင်းဘွဲ့ယူဖို့စာတမ်းရေးနေတဲ့ မက္ကန်းနစ်တစ်ယောက်ပါ ကျောင်းသားတစ်ယောက် အနေနဲ့ထူးချွန်တော့ ဒေါက်တာ အဲလက်စတာကော ပေါလ်တို့ကပါ သဘောကျကြပါတယ်။ တစ်ရက် အက်ဒီ စမ်းသပ်နေရင်း မတော်တဆ ရေထဲက ဟိုက်ဒရိုဂျင်ကို တည်ငြိမ်စွာခွဲထုတ်ပေးနိုင်မယ့် ကြိမ်နှုန်းကို ရခဲ့ပါတယ်။ အဲ့ဒီကြိမ်နှုန်းနဲ့ စမ်းသပ်တာ အောင်မြင်ခဲ့ပြီး တစ်ဖွဲ့လုံးအောင်ပွဲခံကြပါတယ်။ အိမ်ပြန်ကြချိန်မှာ ဒေါက်တာဘာကလေ နဲ့ ဒေါက်တာချန် တို့သာ စက်ရုံထဲမှာကျန်ခဲ့ပြီး အဲဒီညမှာပဲ စမ်းသပ်ဌာန စက်ရုံအပါအ၀င် မြို့တစ်ပိုင်းစာလောက် ပေါက်ကွဲသွားခဲ့ပါတယ် မတော်တဆလား ဘယ်သူ့လက်ချက်လဲ ဆိုတာအပြင် ကြားက ဆားညပ်ကာ အချိန်အခါမသင့်လို့ တရားခံထင်ခံရတဲ့ အက်ဒီ ဟာ အက်ဖ်ဘီအိုင် ကလိုက်ဖမ်းတာခံရပြီး ၀ရမ်းပြေးဘ၀ရောက်သွားပါတော့တယ်။