One Piece: Chopper's Kingdom on the Island of Strange Animals FHD

One Piece: Chopper's Kingdom on the Island of Strange Animals

Action Adventure Animation FHD 2002-03-02 6.783 56 Min

ဒီကားကတော့ One piece animation movies တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်ပါ။ထွက်တာကြာပြီဆိုပေမဲ့လို့ အခုတစ်ဖန် One piece ကို စကြည့်နေတဲ့သူတွေအတွက်တော့ဒီကားလေးကိုကြည့်ဖို့Recommended ပေးပါတယ်။ ဒီကားလေးက Luffy တို့ပင်လယ်ကိုခရီးထွက်ခါစ Alabasta ကိုမရောက်ခင် ကြားထဲမှာဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်လေးကတော့ Chopper ဟာ Luffy တို့ရဲ့ သင်္ဘောပေါ်ကိုလိုက်ပါခါစအချိန်သူတို့ဟာ ကျွန်းတစ်ကျွန်းကိုတွေ့ခဲ့တယ်။ Namiရဲ့ မြေပုံညွှန်းချက်အရတော့ဒီကျွန်းဟာသရဖူကျွန်းလို့ခေါ်ကြတယ်တဲ့။ အဲ့ကျွန်းကိုဝင်ခါနီး ရုတ်တရက်ရေအောက်ကမီးတောင်ပေါက်ကွဲမှုကြောင့်လှိုင်းလုံးနဲ့သင်္ဘောက လေပေါ်မြှောက်တက်သွားပြီးChopper ဟာ အဖွဲ့သားတွေနဲ့ကွဲပြီး ကျွန်းပေါ်ကတောထဲကို ရောက်သွားခဲ့ရတယ်။အဲ့ကျွန်းပေါ်မှာရှိတဲ့ အယူအဆက ကျွန်းဘုရင်အသစ်ဟာတစ်နေ့ကောင်းကင်ဘုံကနေကျလာမယ်လို့ ယူဆကြတယ်။ Chopper လဲ ကွက်တိကျသွားတာနဲ့ ဘုရင်တင်ခံလိုက်ရပြီးကျွန်းပေါ်မှာနေတဲ့ တစ်ဦးတည်းသောကောင်လေး Momambi နဲ့သူငယ်ချင်းဖြစ်သွားတော့တယ်။ဒါပေမဲ့ အဲ့ကောင်လေးကလဲ သူ့ဇာတ်ကြောင်းနဲ့သူ ပင်လယ်ဓားပြတွေကိုမုန်းနေတဲ့အကြောင်းအရင်းရှိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီကျွန်းမှာ Count Butlerလို့ခေါ်တဲ့လူဆိုးနဲ့သူ့အဖွဲ့တစ်သိုက်က တယောတစ်ခုနဲ့ ချိုစားကောင်ကြီး‌တွေကို ထိန်းချုပ်ပြီးကျွန်းပေါ်ကဘုရင်ကြီးရဲ့ သရဖူရတနာကို ရှာနေကြတယ်။ အဲ့ဒီ သူတို့ကောက်ကျစ်တဲ့အကြံနဲ့ကျွန်း‌ပေါ်ကတိရိစ္ဆာန်‌တွေဒုက္ခပေးပြီး သရဖူရတနာရှာဖွေနေတာကို Luffy တို့တွေဟာဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ Momambi ဆိုတဲ့ကောင်လေးရဲ့ ပင်လယ်ဓားပြတွေကိုဘာကြောင့်မုန်းရတယ် ဆိုတာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။