Little Big Man FHD

Little Big Man

Comedy Drama Adventure Western FHD 1970-12-23 7.477 139 Min

ဂျက်ခ်ခရက်ဘ်ဟာ အသက်အရွယ်အားဖြင့် ၁၂၁ နှစ်ရှိပြီဖြစ်ပြီး လူဖြူ-အင်ဒီးယန်းစစ်ပွဲ လစ်တဲဘစ်ဟွန်းမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ခဲ့တဲ့ လူဖြူအမျိုးသား။ ၁၂၁ နှစ်ထိရှင်သန်ဖြတ်သန်းလာခဲ့ရတဲ့ သူ့ဘ၀အကြောင်းကို သူ့အသက် ၁၀ နှစ်သားကနေ စတင်ပြောပြထားပါတယ်။သူ ၁၀ နှစ်သားအရွယ်မှာ သူတို့တစ်မိသားစုလုံးကို အင်ဒီးယန်းတစ်အုပ်စုကသတ်သွားခဲ့လို့ သူနဲ့သူ့အစ်မပဲ ကျန်ခဲ့တယ်။ သူတို့ကို နောက်ထပ်အင်ဒီးယန်းတစ်အုပ်စုကခေါ်ယူသွားခဲ့တယ်။ သူ့အစ်မကကြောက်လို့ ထွက‌်ပြေးလွှတ်မြောက်သွားခဲ့ပေမဲ့ ဘာမှန်းမသိဘဲကျန်ခဲ့တဲ့ ဂျက်ခ်ကိုအင်ဒီးယန်းတွေက မွေးစားလိုက်တယ်။ သူဟာ သူ့အသက်အရွယ်နဲ့စာရင်သေးငယ်နေပြီး အင်ဒီးယန်းတွေကြားထဲ သေးကွေးနေခဲ့ပဲမဲ့ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် ” Little Big Man”ဆိုတဲ့နာမည်ကိုရသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူဟာ လူဖြူတွေကြားထဲပြန်ရောက်သွားခဲ့ပြီး သူ့ဘ၀ကိုပြန်စရပါတော့။ ဂျက်ခ်ခရက်ဘ်ရဲ့ဘ၀တစ်သက်တာ ဖြတ်သန်းရပုံကတကယ့်ကိုစိတ်၀င်စားစရာပဲမို့လို့ ပရိသတ်ကြီးတို့ လက်လွှတ်မခံဘဲ ခံစားကြည့်ရှုသင့်ကြောင်း‌ပါ…..။