Invasion of the Body Snatchers HD

Invasion of the Body Snatchers

Horror Science Fiction HD 1978-12-20 7.211 116 Min

အထွေထွေရောဂါကု ဒေါက်တာဘန်နယ်ဟာ ဆေးပညာညီလာခံသွားတက်နေရာကနေ သူ့ဆေးခန်းကသူနာပြုက အရေးတကြီးခေါ်လို့ သူ့မြိုစန်တာမီရာကို ပြန်လာခဲ့တယ်။ ပြီးခဲ့တဲ့ ၂ ပတ်လုံးဆေးခန်းကိုလာတဲ့သူတွေ အများကြီးဖြစ်ပြီး ဘယ်လိုနေမကောင်းဖြစ်ကြောင်းကိုမပြောပြကြ။ ဒါပေမဲ့ သူပြန်ရောက်တဲ့အချိန်မှာတော့ ရက်ချိန်းယူထားတာတွေကိုပါ ဖျက်သွားကြပြီဖြစ်ပြီး ဆရာ၀န်နဲ့ပြဖို့အသည်းအသန်ဖြစ်နေခဲ့ကြတဲ့သူတွေဟာ လုံး၀ကိုပုံမှန်အတိုင်းဖြစ်သွားကြပါတယ်။ဒါပေမဲ့ စန်တာမီရာမြို့လေးက အရင်ကနဲ့မတူတော့တာကိုတော့ သူသတိထားမိခဲ့တယ်။ နောက်တစ်ခုသူတွေ့လိုက်ရ‌တာကတော့ တချို့သူတွေဟာ သူတိုချစ်ရသူမိသားစု၀င်တွေဟာ သူတိုရဲ့မိသားစုမဟုတ်‌တော့ဘူး‌လိုပြောကြပြီးတော့ နောက်တစ်နေ့ရောက်တော့ ဟုတ်ကြောင်းလက်ခံသွားကြတာပါပဲ။သိပ်မကြာခင်မှာပဲ သူ့မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ မည်သူမည်ဝါမှန်းမသိရ၊ လက်ဗွေတောင်မပါတဲ့အလောင်းတစ်လောင်း ဘယ်ကမှန်းမသိရောက်လာတာက‌တွေ့ရပြီးနောက်မှာထိတ်လန့်ကြောက်ရွံမယုံနိုင်စရာအဖြစ်အပျက်တစ်ခုကြီးတစ်ခုကို သိလိုက်ရပါတော့တယ်။