Psycho IV: The Beginning HD

Psycho IV: The Beginning

Horror Thriller Mystery TV Movie HD 1990-11-10 5.677 96 Min

ဒီတစ်ခေါက်မှာတော့ ဆိုက်ကိုလူသတ်ဇာတ်လမ်းတွေကိုသဘောကျကြိုက်နှစ်သက်တဲ့ လူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒါကတော့ လေးကားမြောက်ဖြစ်ပြီး ရှေ့မှာ sequel 1 2 3 လည်းရှိပါသေးတယ်။ဇာတ်လမ်းတွေအားလုံးက ပျင်းစရာမကောင်းသွားအောင် plot twist များစွာနဲ့ဇာတ်လမ်းကိုအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားမျိုးပါ။ဒီလိုဇာတ်လမ်းမျိုးကို အသစ်ပုံဖော်ရိုက်ကူးထားတဲ့ Bates Motel(2013)လည်းအတော်လေး လူကြိုက်များခဲ့တာမို့ မူရင်း ဇာတ်ကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ နော်မန်ဘိတ်စ်ဟာ ကိုယ့်ရဲ့မိခင်ဖြစ်သူကို ဘဝနိဂုံးချုပ်စေတဲ့လူတွေနဲ့တိုက်ရိုက်ဆွေးနွေးတင်ဆက်တဲ့ ရေဒီယိုတင်ဆက်မှုတစ်ခုကိုဖုန်းခေါ်ရင်းက စတင်ထားပါတယ်။ ရေဒီယိုရှိုး အစီအစဉ်တင်ဆက်သူနဲ့စိတ်ပညာရှင်တွေဟာ နော်မန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့တကယ့်လူသတ်သမားဆိုတာကို မသိကြပါဘူး။ ဇာတ်လမ်းဟာ အဲဒီကနေမှနော်မန့်ရဲ့ ဆိုးရွားတဲ့ ငယ်ဘဝကို နောက်ကြောင်းပြန် ထင်ဟပ်စေရင်း စတင်ခဲ့ပါတယ်။အဲဒီမှာ သူ့အမေရဲ့ အကျင့်ဆိုးတွေက သူ့စိတ်ကိုဘယ်လို ပြောင်းလဲလာစေတယ်ဆိုတာကိုဖော်ပြလာပါတယ်။ မိခင်ဖြစ်သူ နော်မာ ဘိတ်စ်ဟာ လှည့်စားတတ် ဝန်တိုတတ်ပြီးစိတ်ပိုင်းဆိုင်ရာကို အတော်လေး ဒုက္ခပေးနိုင်လွန်းတဲ့ မိခင်မျိုးပါ။ဒါကြောင့်ပဲနော်မန်လေးဟာ လူတစ်ကိုယ်တည်းနဲ့ စိတ်၂မျိုး ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်။အခုအချိန်မှာတော့ နော်မန်ဟာ အိမ်ထောင်ကျနေပြီဖြစ်ပြီး တည်ငြိမ်သယောင်ရှိနေပေမဲ့သူဟာကလေးယူလိုက်လို့သူ့ရဲ့ကလေးက သူ့ဗီဇလိုက်ပြီး မကောင်းဆိုးဝါးလေးတစ်ကောင်ကိုလက်သပ်မွေးသလိုဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။သူ့လိုမျိုး ဇာတ်နာခဲ့ရတဲ့ ကောင်လေးဘဝကနေစိတ္တဇလူသတ်သမားဖြစ်လာမှာမျိုးကိုသူမလိုလားတဲ့အတွက် ကိုယ်ဝန်ရှိနေတဲ့ မိန်းမကိုပါ သတ်ဖို့ကြံလာပါတယ်။အဲဒီအကြောင်းတွေကိုလည်း ရေဒီယိုရှိုးမှာထုတ်ဖော်ရင်ဖွင့်လာတဲ့အခါသူ့ရဲ့ကောင်းတဲ့မသိစိတ်ကို တင်ဆက်သူတွေက ပြန်ပြီးကြီးစိုးလာနိုင်အောင်ဝိုင်းဝန်းဖျောင်းဖြရင်း ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။