2019မှာ ထွက်ရှိခဲ့တဲ့ Kesari ဇာတ်လမ်းရဲ့ Spiritual Sequel အနေနဲ့ Chapter 2 ဆိုပြီး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Kesari မှာတော့ မွတ်ဆလင်များနဲ့ဖြစ်ခဲ့တဲ့ ၁၉ရာစုဝန်းကျင်က စစ်ပွဲကို အခြေခံထားခဲ့ပြီး ယခု Kesari Chapter 2 မှာတော့ ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုအကြောင်းကို အခြေခံထားပြီး ပန်ဂျပ်တို့ရဲ့တော်လှန်လှုပ်ရှားပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူနာမည်ကြီးတဲ့ တခြားအချက်ကတော့ လိုက်တဲ့အမှုတိုင်းကို နိုင်တာပါပဲ။ပထမကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်မှာ ဗြိတိသျှတွေဟာ စစ်သားအင်အားမလုံလောက်တဲ့အတွက် အိန္ဒိယဘက်ကို စစ်သည်အင်အားပေးမယ်ဆိုရင် အိန္ဒိယနိုင်ငံကို လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ကတိပေးခဲ့တာကြောင့် လူပေါင်းများစွာ ဗြိတိသျှတပ်မှာ ဝင်ရောက်ပြီး တိုက်ခိုက်ပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း စစ်ကြီးပြီးသွားတဲ့အချိန်မှာတော့ ဗြိတိသျှတွေဟာ စကားကို မတည်ခဲ့တဲ့အတွက် ဗြိတိသျှစစ်တပ်ကို လူဦးရေအများဆုံးဝင်ခဲ့တဲ့ ပန်ဂျပ်တွေဟာ တော်လှန်ခဲ့ပါတော့တယ်။ဒီမှာ ခရီပယ်ဆင်းဂ်ဆိုတဲ့ ကဗျာဆရာကတော့ ပန်ဂျပ်လူငယ်လေးတွေကိုပါ စည်းရုံးပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့သူတစ်ယောက်ပေါ့။ခရီပယ်ဆင်းဂ်ကို ဗြိတိသျှဘက်ကနေ ရှင်းပစ်ချင်ပေမဲ့ တရားရုံးကို တင်လိုက်တိုင်း လွတ်လွတ်သွားခဲ့တာကြောင့် အကျပ်ရိုက်ပြီး ရှန်ကရန်နာရ်ကို ခရီပယ်ဆင်းဂ်အား တရားစွဲဆိုနိုင်ရင် အမှုလိုက်ခိုင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ ရှန်ကရန်နာရ်တစ်ယောက် ဂျယ်လီယန်ဝါလာဘာ့ဂ်မှာ ပါဝင်လာခဲ့ရပါတော့တယ်။ရှန်ကရန်ဆင်းဂ်ဟာ အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ဘာလို့များ ဗြိတိသျှတွေဘက်ကနေ တိုက်ခိုက်ပေးနေတာလဲ …….ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုကြီးကရော ဘယ်လိုတွေကြောင့် ဖြစ်လာရတာလဲ….ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ သမိုင်းကြောင်းဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။