ဇာတ်လမ်းကတော့ အခုခေတ်စားနေတဲ့ အပြိုင်ကမ္ဘာတွေအကြောင်းအခြေခံထားပေမဲ့တကယ့်ဇာတ်လမ်းအနှစ်ကတော့ ကောင်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။အချစ်ဇာတ်လမ်းလေးကိုလှလှပပ ရယ်မောငိုကြွေးနိုင်အောင်ကိုတင်ဆက်ပေးသွားနိုင်ခဲ့တာမလို့ကြည့်နေရင်းနဲ့ အပြိုင်ကမ္ဘာတွေအကြောင်းကိုစိတ်မဝင်စားတော့ အချစ်ဇာတ်လမ်းထဲမှာမျောပါသွားနိုင်တဲ့အထိပါပဲ။ဇာတ်လမ်းအကျဥ်းကတော့Koyomiဟာ အလယ်တန်းကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။အထက်တန်းကျောင်းသားဘဝရောက်ချိန်မှာတော့ Kazuneဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။အချစ်ဇာတ်လမ်းလေးဟာ သာယာဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားကတော့ ကြည့်ရှုသူအပေါ်မှာပဲမူတည်ပါလိမ့်မယ်Spoilerပါးပါးလေးပြောပါမယ်။ နည်းနည်းလေးတောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်တော့။ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထားပေမဲ့ဇာတ်လမ်းဆွဲခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ