ဇာတ်လမ်းအကျဉ်းလေးကမင်းသားဖြစ်တဲ့ Koyomi ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ အပြိုင်ကမ္ဘာနဲ့ပတ်သက်တဲ့ သိပ္ပံသုတေသနဌာနမှာနေရင်း တခြားပညာရှင်တစ်ယောက်ရဲ့သမီးဖြစ်သူ Shiori နဲ့နဖူးစာရွာလည်ပြီး ဆုံတွေ့ခဲ့ကြတာ။ ဒီလိုနဲ့ နှစ်ဦးသား ငယ်စဉ်ကလေးဘဝကတည်းကနေ နှစ်တွေကြာပြီးသံယောဇဉ်တွေ တိုးပွားပေါက်ဖွားလာချိန်ကျမှ သူတို့ Single မိဘနှစ်ပါးက အချင်းချင်းလက်ထပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျ Koyomi တို့နှစ်ယောက်က ဒါဆိုရင်တော့ မဖြစ်ဘူးသူတို့ မူရင်းမိဘတွေ ကွာမရှင်းထားတဲ့ အပြိုင်ကမ္ဘာတွေဆီသွားပြီး နှစ်ဦးသားလက်ထပ်ပေါင်းဖက်ကြမယ်ဆိုပြီး ဉာဏ်ကောင်းပြီး လူကြီးတွေမသိအောင် Parallel World ကိုခိုးသွားကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြရမလဲဆိုတာကို ကြည့်ရမှာပါ။