ဒီကားလေးထဲမှာ “မောက်ကျင်း” ဆိုတဲ့မိန်းကလေး တစ်ဦးတည်းသောသားလေးကို မုဆိုးမဘ၀နဲ့ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်လာခဲ့တာ သားလေးတောင် တက္ကသိုလ်က ပါမောက္ခဖြစ်လို့ အဘွားအိုအရွယ်တောင် ရောက်လာခဲ့ပါပြီ။ စိတ်ရင်းကောင်းမွန်ပေမယ့် အဘွားကြီးပီပီ ပြစ်တောက်တောက် အပြောတွေကြောင့် ချွေးမမှာ စိတ်ဆင်းရဲနေတယ်။ တစ်နေ့တော့ သူ့ချွေးမရဲ့ကျန်းမာရေးအခြေအနေအရ အဘွားမောက်ကျွင်းကို ဘိုးဘွားရိပ်သာ ပို့ရတော့မယ့် အခြေအနေ ရောက်လာပါတယ်။ ဒီအတွက် ပူဆွေးဝမ်းနည်းနေတဲ့အဘွားအို နောက်တစ်နေ့နိုးလာချိန်မှာ သူရဲ့အလှပဆုံးအချိန်တြွေဖစ်တဲ့ အသက် ၂၀ အရွယ်ကို ပြန်ရောက်သွားတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ