ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး “ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး” လို့ ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။ ၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။ စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့် Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Kim Yong-hwa ကို JoongAng Ilbo စာစောင်မှ အင်တာဗျူးခဲ့ရာမှာ … သူ့အဆို အရ၊ ဟာသ ဇာတ်ကား ရဲ့ ဖေါ်မြူလာမှာ ပထမ နာကျင်မှု ကြောင့် အငို နဲ့ စရမယ်၊ နောက်ပြီး အပြုံးနဲ့ ဆုံး ပေးရမယ် “a teardrop and a smile” လို့ ပြော ပါတယ်။ တပြိုင်နက်မှာ ရိုးရိုး ရှင်းရှင်းလည်းရှိပါစေလို့လည်း ပြောသွားပါတယိ။ ဇာတ်လမ်းကလဲ တကယ်အဲ့အတိုင်းလေးပါပဲ။ 200 Pound Beauty ဇာတ်လမ်းဟာ ဂျပန် ရုပ်ပြ စာအုပ် (comic story) ကို ဆီလျှော် အောင် ပြုပြင်ထားတဲ့ ဇာတ်လမ်း ဖြစ် ပါတယ်။