အိဗ်ဟာ ကလေးဘဝမှာ သူ့ရဲ့အဖေ လုပ်ကြံခံရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်း ရူစကားရိုးမားထဲကို ရောက်သွားပါတယ်။အဲဒီမှာ ကြီးပြင်းလာပြီး လေ့ကျင့်ရင်းနဲ့ အရမ်းလှလာပါတယ်။ဒီလိုနဲ့ ကြေးစားကန်ထရိုက်တွေလုပ်ရင်း အရမ်းလှနေပါတယ်။တစ်နေ့မှာတော့ သူ့အဖေကို လာလုပ်ကြံသွားတဲ့ ဂိုဏ်းကို ခြေရာခံမိပြီး အရမ်းလှ အရမ်းချဖို့ပြင်ပါတော့တယ်။အဲဒီမှာပဲ အင်အားအပြည့်နဲ့ ဂိုဏ်းကြီးတစ်ခုကို လက်စားချေဖို့ အရမ်းလှပါတော့တယ်။အဆုံးထိ ဘယ်လိုလှသွားမလဲဆိုတော့တော့ ရုပ်ရှင်ထဲမှာသာ ဆက်ကြည့်လိုက်ပါတော့။ဧည့်သည်သရုပ်ဆောင်အဖြစ် ဂျွန်ဝစ်ကြီး Keanu Reeves နဲ့ Girls’ Generation အဖွဲ့က Choi Soo-youngတို့ပါဝင်ထားပါတယ်။SS မှာပြထားတဲ့အတိုင်း HDTC Quality ဆိုတော့ မူရင်းတင်တဲ့ဆိုက်က ကြော်ငြာတွေပါနေတာ သတိချပ်သင့်ပြီးOfficial ရုပ်သံအကြည်ထွက်တာကိုစောင့်နိုင်ရင်တော့ မမ အန်နာဒဲအာမက်စ်ကို ပိုပြီး လှလှပပကြည့်ရမှာပေါ့နော်။ခုကတော့ ရုံလဲမတင်ဘူးဆိုတော့ အကြည်ဆုံးရတာလေးနဲ့ အရင်ကြည့်လို့ရအောင်လို့ တင်ဆက်လိုက်ပါတယ်။