ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံ Munishမြို့ကBürgerbräukeller ခန်းမမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။အတိအကျပြောရရင် ဟစ်တလာကိုလုပ်ကြံဖို့ ကြံစည်မှုပါ။ဒီဇာတ်လမ်းလေးကတော့ အဲဒီချိန်ကိုက်ဗုံးကိုတပ်ဆင်ခဲ့တဲ့ Georg Elser ဆိုတဲ့ ကောင်လေးအကြောင်းပဲဖြစ်ပါတယ်။ထူးဆန်းတာက သူကအဲဒီဗုံးကို သူကိုယ်တိုင်တစ်ယောက်တည်းတပ်ဆင်ခဲ့တာပါ။တကယ့်သမိုင်းဖြစ်ရပ်တွေအပေါ် အခြေခံထားတဲ့ဂျာမန်စကားပြော ဒုတိယကမ္ဘာစစ်ရုပ်ရှင်လည်း ဖြစ်ပါတယ်။Ratingလည်းကောင်းပြီး ကမ္ဘာစစ်အတွင်းဂျာမနီနိုင်ငံရဲ့ပုံရိပ်အချို့နဲ့ နာဇီတွေရဲ့ယုံကြည်မှုကိုထင်ဟပ်တဲ့ရုပ်ရှင်မို့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။