တိုရှို၊ ဂျိုဆေးဗားနဲ့ ဂျွန်ပီယာတို့ ၃ ဦးက အရမ်းခင်တဲ့ သူငယ်ချင်း ၃ ယောက်ဖြစ်ပါတယ် သူတို့ ၃ ဦးဟာ မကြာခဏ ခရီးတွေထွက်လေ့ရှိပြီး များသောအားဖြင့် ဆဟာရ သဲကန္တာရကို ဖြတ်ကျော်ခရီးနှင်လေ့ရှိပါတယ် အဲဒီလိုနဲ့အကြောင်းကြောင်းကြောင့် သူငယ်ချင်းတွေ ကွဲကွာသွားရင်း နေလာရာကနေ တစ်ရက်မှာတော့ တိုရှိုတစ်ယောက် ဂျိုဆေးဗားရဲ့ အမျိုးသမီးဆီကနေ စာတစ်စောင် လက်ခံရရှိပါတော့တယ် သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ဂျိုဆေးဗားတစ်ယောက် နောက်ဆုံးအချိန်ရောက်နေပြီဆိုတာကို အသိပေးထားတဲ့စာပါ အဲဒီလိုနဲ့ပဲတိုရှိူတစ်ယောက်ဟာ နောက်ထပ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဂျွန်ပီယာဆီသွားပြီး ဂျိုဆေးဗားဆီ လိုက်ကြဖို့လုပ်ပါတော့တယ်