ဒီတစ်ခေါက်မှာတော့… အိပ်မက်နောက်ကို လိုက်နေတဲ့ လူတစ်ယောက်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးထဲမှာ ဆန်ကုန်မြေလေးဖြစ်နေတဲ့ သားနဲ့ တစ်ဗျစ်တောက်တောက်ပြောနေတဲ့အဖေကြီးကြားက ပြဿနာကတော့ သူ့အမေဆုံးသွားတဲ့ကိစ္စနဲ့သူ့သားအလုပ်အတည်တကျမလုပ်တဲ့ကိစ္စကြောင့်ပါပဲ…ဟုတ်ပါတယ်… သူ့သားကဘယ်လောက်တောင်လဲဆိုရင်တော့…ဒယ်လီသမားလုပ်ပါတယ်ဆိုမှ တစ်ခါမှလည်း အော်ဒါအချိန်မှန်မပို့နိုင်…လျှပ်စစ်ဘီးလေးလည်း ခဏခဏ ပြင်နေရတယ်..နောက်ဆုံးတော့ အလုပ်ပြုတ်သွားတာပေါ့…သူက ဘာဝါသနာပါလဲဆိုတော့ လက်ဝှေ့ထိုးတာပေါ့…ဒါပေမယ့်လည်း တစ်ချိန်က လက်ဝှေ့သမားဖြစ်ခဲ့တဲ့ သူ့အဖေက ဆန့်ကျင်နေခဲ့တယ်…ဘာကြောင့် ဆန့်ကျင်ရတာလဲ…နောက်ပြီး တကယ်ပဲ လက်ဝှေ့သမားအဖြစ်ရောရေရှည်လုပ်နိုင်ပါ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်လိုက်တော့နော်…