Giant FHD

Giant

Drama Western FHD 1956-11-08 7.6 201 Min

အေးအေးဆေးဆေးနဲ့ အချိန်ယူပြီးကြည့်ရှုခံစားလို့ကောင်းတဲ့ မိသားစုဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့က Rock Hudson, James Dean နဲ့ Elizabeth Taylorတို အကောင်းဆုံး သရုပ်ဖော်ပေးထားကြပါတယ်။ အဓိကသရုပ်ဆောင်တွေက အသက် ၃၀ တော်မပြည့်ကြ‌ပေမဲ့ လူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်၊ လူကြီးပိုင်းအရွယ် အရွယ် ၃ ပါးလုံးကိုပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဇာတ်ကြောင်းက လူ့ဘ၀သက်တမ်းတစ်လျှောက် ကြုံတွေ့ရမှာတွေကိုပုံဖော်ထားဝာာကြောင့် ငြိမ့်ငြိမ့်လေးနဲ့ ကြည့်လိုကောင်းပါတယ်။ဘန်းနီဒစ်မျိုးရိုးဟာတက္ကဆက်မှာ မျိုးရိုးစဉ်ဆက် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာဖြစ်ပြီး မြေ‌ဧကပေါင်း ၅ သိန်းကျော်ပိုင်တယ်တဲ့။ ဘစ်ဘန်းနီဒစ်တစ်ယောက် သားဖောက်ဖို မျိုးသန့်တဲ့မြင်းလာ၀ယ်လို့လက်စလီတိုမိသားစုဆီမှာ ၂ ရက်တာပဲတည်းခိုခဲ့ပေမဲ့ ဖူးစာပါလာခဲ့တဲ့သူတို့ ၂ ယောက်ဟာ လက်ထပ်ဖြစ်သွားကြပြီး လက်စလီက သိကျွမ်းတာ၂ ရက်ပဲရှိသေးတဲ့ ခင်ပွန်းရဲ့အိမ်ရှိရာ တက္ကဆက်ကိုသျှောင်နောက်ဆံထုံးပါသွားခဲ့တယ်။လူမျိုးတွေရောပြီးနေထိုင်ပေမဲ့ အဆင့်အတန်းခွဲခြားတဲ့တက္ကဆက်မှာ လက်စလီတစ်ယောက် ဘယ်လိုမျိုးနေထိုင်မလဲ။ ဘစ်တို့အိမ်အရောက်မှာ ဘစ်တိုရဲ့အလုပ်သမား ဂျတ်ရင့်ခ်ဆိုသူနဲ့လည်း ဆုံရတယ်။သူတိုတွေရဲ့ဘဝဟာ အဲဒီမှာ အစပြုခဲ့ပါတယ်။