ဒီ movie လေးက အိုဟိုင်ယိုက မြို့လေးမှာနေထိုင်တဲ့ညီအစ်ကို နှစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပါတယ် ။သူတို့ညီအစ်ကိုနှစ်ယောက်မှာ အကြီးဖြစ်တဲ့ ကယ်ဗင်ကဘောလုံးကစားတာမှာ အရမ်းတော်ပြီး အငယ်ဖြစ်တဲ ဒန်နီကတော့ဘောလုံးကစားတာ ညံ့ပါတယ်။ အဲလိုနဲ့ ကြီးလာတော့ ကယ်ဗင်ကဘောလုံးနည်းပြဖြစ်သွားပြီး ဒန်နီကတော့စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။ဒန်နီရဲ့ သမီးလေး ဘက်ဂီကလည်း အားကစားဝါသနာပါသူဖြစ်ပြီးဘောလုံးကစားရမှာလည်း တော်တယ် ။ကယ်ဗင်က မြို့အတွက် ဘောလုံးအသင်းဖွဲ့တော့ဘက်ဂီအပါအဝင်တခြားသူတွေလည်းဝင်ပြိုင်ခဲ့တယ်။ဘက်ဂီဦးလေးကယ်ဗင်က ဘောလုံးအသင်းထဲ သူ့တူမကိုမထည့်တဲ့အပြင်တခြားသိပ်မကစားတတ်သေးတဲ့သူတွေလည်း အသင်းထဲကိုထည့်မပေးခဲ့ဘူး။အဲ့အချိန်မှာ ဒန်နီကစိတ်တိုသွားပြီး သူ့သမီးအပါအဝင်တခြားသူတွေကို အသင်းတစ်သင်း ထပ်ဖွဲ့ပေးလိုက်ပါတယ်။အဲလိုနဲ့ ညီကိုနှစ်ယောက်ရဲ့ ကလေးအဖွဲ့ တွေကလည်း မြိုတစ်မြို့မှာဘောလုံးအသင်းတစ်သင်းပဲရှိရမှာဆိုပြီး တစ်သင်းပဲထားဖို့အတွက်ပြိုင်ပွဲပြိုင်ကြမယ်လို့ရက်သတ်မှတ်လိုက်ကြပါတယ်ကယ်ဗင်အဖွဲ့ကကလေးတွေကပဲပိုတော်နေမလား ဒန်နီအဖွဲ့ကကလေးတွေကပိုတော်နေမလား ဘာပြသာနာတွေရှိနိုင်မလဲဆိုတာရယ် ၊ဘယ်အဖွဲ့ကနိုင်သွားမလဲဆိုတာတွေကို ဟာသနှောပြီးကြည့်ရမယ့်အားကစားmovie ကောင်းလေးမို့ ရုပ်ရှင်ချစ်သူတို့ကိုဒီကားလေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်