One Piece: Curse of the Sacred Sword FHD

One Piece: Curse of the Sacred Sword

Action Adventure Animation FHD 2004-03-06 6.9 95 Min

ကောက်ရိုးဦးထုပ်သားတွေရဲ့ ၅ ကားမြောက်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့Luffy တို့အဖွဲ့ဟာ Asuka ဆိုတဲ့ကျွန်းကိုရောက်သွားတဲ့အချိန်မှာ ကောလာဟလတစ်ခုကိုကြားသိလိုက်ရပါတယ်။ အဲဒါကတော့ Grand Line မှာအလှဆုံးဒဏ္ဍာရီလာဓားဖြစ်တဲ့ခုနှစ်စဉ်ကြယ်ဓားဟာ အဲဒီကျွန်းမှာ မြှုပ်နှံခံထားရတယ်ဆိုတာပါပဲ။ အဲဒီကျွန်းမှာအနီရောင်လဟာ နှစ်၁၀၀မှာ တစ်ကြိမ်ထွက်လေ့ရှိပါတယ်။ အနီရောင်လထွက်တဲ့ညမှာခုနှစ်စဉ်ကြယ်ဓားဟာ လရဲ့စွမ်းအားတွေကိုစုပ်ယူပြီးအဲဒီကျွန်းကလူတွေကိုဘေးအန္တရာယ်ကျရောက်စေတဲ့ အမှောင်လောကကြီးကို စတင်စေတာပေါ့။ တစ်ရက်မှာတော့Zoro ဟာပျောက်ချင်းမလှပျောက်သွားပြီးသူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့Saga ဆီရောက်သွားပြီးတော့ ခုနှစ်စဉ်ကြယ်ဓားကို ပေးအပ်လိုက်ပါတော့တယ်။အဲဒီကျိန်စာမိထားတဲ့ ခုနှစ်စဉ်ကြယ်ဓားနဲ့ luffyတို့တစ်သိုက်ဘာတွေဆက်ဖြစ်ပြီးဘယ်လိုတွေဂယက်ထကြမလဲဆိုတာတော့ ဖန်သားပြင်ပေါ်ကနေဆက်လက်ကြည့်ရှုပေးကြပါဦးနော်…။