One Piece: Baron Omatsuri and the Secret Island FHD

One Piece: Baron Omatsuri and the Secret Island

Action Comedy Animation FHD 2005-03-05 7.2 91 Min

ဒီကားကတော့ ထွက်ရှိခဲ့တာ ကြာပြီဆိုပေမယ့်လည်း One piece ဖန်တွေအတွက်တော့လက်မလွှတ်တန်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါနော်။ ဇာတ်လမ်းအကျဉ်းကတော့Luffy တို့ဆီပွဲတော်ကျွန်းလို့အမည်ရတဲ့ ကျွန်းတစ်ကျွန်းဆီကနေ သူတို့ဆီကိုလာဖို့ဖိတ်ခေါ်ထားတဲ့ ဖိတ်စာတစ်စောင်ရောက်လာပါတယ်။ ပွဲတော်ကျွန်းဆိုတဲ့အတိုင်းပျော်ပွဲရွှင်ပွဲတွေရှိမယ်အထင်နဲ့ သွားရောက်ခဲ့တဲ့ Luffy တို့တစ်စုဟာ ဟိုရောက်တဲ့အခါထင်ထားသလိုဖြစ်မလာပဲဂျင်းမိကာ ကျွန်းရဲ့အရှင်သခင်ဆိုတဲ့ Baron Matsuri ဆိုတဲ့သူကသူတို့ကို ပြိုင်ပွဲတွေပြိုင်ခိုင်းပါတော့တယ်။ Luffy လည်း စိန်‌ခေါ်မှုတွေကိုကြိုက်နှစ်သက်သူပီပီဝင်ပြိုင်ရင်းက‌နေ ထင်မှတ်မထားတာတွေဖြစ်လာပြီး Luffy ရဲ့အဖွဲ့သားတွေတစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလာတဲ့အခါ Luffy လည်း အဲ့ကိစ္စကိုဖြေရှင်းဖို့ကြိုးစားရင်းဘာတွေကြုံကြမလဲ ကျွန်းကြီးနဲ့ ကျွန်းကြီးရဲ့အရှင်သခင်ဆိုတဲ့ BaronMatsuri ဆိုတဲ့လူရဲ့ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ သူတို့ ကျွန်းပေါ်ကနေဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင့်။