Dil Bechara 4K

Dil Bechara

Drama Romance 4K Movies 4K 2020-07-24 6.6 101 Min

ဇာတ်လမ်းထဲမှာတော့ ကင်ဆာရောဂါသည် ကောင်မလေးတစ်ယောက်….ကင်ဆာရောဂါသည်တစ်ယောက်မို့ ဆေးတွေနဲ့ သူရဲ့ အောက်စီဂျင်ဘူးလေးနဲ့အတူ  မနက်ဖြန်ဆိုတာကိုဖြတ်ကျော်နေရတယ်…ဒါပေမဲ့ သူမက အာဂကောင်မလေးလို့ဆိုရမလားပဲ…သူမဟာ နာရေးတွေလိုက်တက်ပြီးအထီးကျန်နေခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေကိုတောင် အားပေးနေတတ်တယ်…တနေ့မှာတော့ သူ ဒီကင်ဆာရောဂါဝေဒနာရှင်တွေ အားပေးဝန်းရံကြတဲ့ အခမ်းအနားတစ်ခုမှာကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပါလေရော….စပွိုင်လာဖြစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ…..။ ဘောလိဝုဒ်ပရိသတ်တွေကတော့ အညွန်းမဖတ်ဘဲ ကြည့်ကြမယ်ဆိုတာလည်း ယုံကြည်ထားပါတယ်။ခုချိန်မှာတော့ IMDb Ratingက လူပေါင်း၂သောင်းကျော်ပေးထားတဲ့ 9.9/10ပါ။မနေ့က စပြီး လွှင့်လွှင့်ချင်း၂နာရီအကြာမှာတော့ လူ၁ထောင်ပေးထားတဲ့ Ratingက 10/10ပါ။လွန်ခဲ့တဲ့လ,က သေဆုံးသွားပြီဖြစ်တဲ့ ဆူရှန်မို့ ပရိသတ်တွေက သေပြီးမှ ချစ်ကြောင်းပြချင်လို့ ပေးတဲ့Ratingလား ဒါမှမဟုတ် ဒီဇာတ်ကားနဲ့ ထိုက်တန်လို့ ပေးထားတဲ့ Ratingလားဆိုတာကိုတော့ ကိုယ်တိုင်ခံစားပြီး ကြည့်ရှုကြပါဦးဗျာ။