FHD
One Piece: Giant Mecha Soldier of Karakuri Castle
ဒီကားကတော့ One Piece Movie Franchise ရဲ့ခုနှစ်ကားမြောက်ပါ။ ဒီတစ်ခါမှာလဲOne Piece ရိုးရာပီပီ နောက်စွန့်စားခန်းတစ်ခုကို ထွက်ကြရမှာပါ။ ဇာတ်လမ်းအစမှာတော့Luffy တို့ဟာ ပင်လယ်ပြင်ထဲမှာ ရတနာသေတ္တာတစ်လုံးကို ရှာတွေ့ပြီး အချီကြီးပွပြီထင်ပေမဲ့တကယ်တမ်းတော့အထဲမှာရတနာတွေအစား အဖွားအိုတစ်ယောက်ပဲရှိနေတာပါ။အဖွားအိုက သူ့ကိုအိမ်ပြန်ပို့ပေးအောင် သူ့ကျွန်းမှာရှိတဲ့ ရွှေသရဖူလို့ခေါ်တဲ့ ရတနာကိုပေးမယ်လို့ ဆွဲဆောင်လိုက်ပါတယ်။ ဒီရတနာကတကယ်ရှိမရှိဆိုတာလဲ ဘယ်သူမှမသိကြပါဘူး။ဒါပေမဲ့ Luffy ကတော့ယုံကြည်ပြီး အဖွားကို သူ့ကျွန်းဆီပြန်ပို့ကာ ရတနာယူဖို့ချီတက်ပါတော့တယ်။အဖွားရဲ့ကျွန်းက ပုံမှန်လမ်းညွှန်တွေနဲ့သွားလို့မရဘဲ လိပ်ကလေးညွှန်တဲ့ လိပ်လမ်းညွှန်စက်နဲ့ပဲသွားလို့ရတာကသူ့ထူးခြားချက်ပါ။ ဒါနဲ့ပဲ ကျွန်းကိုရောက်တော့ အဲဒီအဖွားရဲ့သား တီထွင်ထားတဲ့စက်တွေရဲ့တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ ရတနာဆိုတာလည်း ပဟေဠိဖွက်ထားတဲ့သီချင်းတစ်ပုဒ်ကိုဖြေရှင်းပြီးရှာဖွေရမှာပါ။ ကြည့်ရတာတော့ အတော်လေးကောင်းတဲ့ကားထဲပါပါတယ်။သူ့ရဲ့မြှုပ်ကွက်တွေက အရင်ကားတွေနဲ့မတူဘဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒါကြောင့် Lost Treasureရှာဖွေတာတွေကြိုက်တဲ့သူတွေဆိုရင် မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားလို့ပြောရင်း နိဂုံးချုပ်ပါရစေရှင့်။