ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့အင်ဒို သရဲကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မာယာနဲ့ အီတာဆိုတဲ့သူငယ်ချင်းနှစ်ယောက်၊ အရမ်းချစ်လွန်းလို့ စားအတူတူသွားအတူတူ အမြဲ အတူတူနေကြတဲ့ သူတို့နှစ်ယောက်။တစ်ရက်မှာတော့ မာယာတစ်ယောက် သူ့အစ်ကိုအင်ဒရာနဲ့သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်တက်ဖို့ ပြောနေတာကိုကြားသွားရင်းနဲ့ လိုက်ချင်တယ် အတင်းပူဆာရာကနေလိုက်ခွင့်ရသွားခဲ့ပါတော့တယ်။မာယာတစ်ယောက် အမြဲအတူ မခွဲမခွာချစ်ရတဲ့သူငယ်ချင်းလေး အီတာ့ကိုပါ အတူတူ တောင်တက်ဖို့ ဆွယ်ပါတော့တယ်။မိဘတွေက အရမ်းချစ်လွန်းလို့ အရွယ်ရလာတဲ့အချိန်ထိ ကလေးလေးလိုပဲဆက်ဆံခံရတဲ့ အီတာတစ်ယောက် မိဘတွေကို အတင်းအကျပ်ပြောပြီးမာယာနဲ့အတူ တောင်တက်ခရီးစဉ်ကို လိုက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ မာယာ,အီတာတို့ သူငယ်ချင်းနှစ်ယောက်နဲ့ အင်ဒရာတို့ သူငယ်ချင်းအုပ်စုဂစ်ဒီတောင်ကို တက်ဖို့အတွက် ခရီးစဉ်ကို စတင်ခဲ့ကြပါတော့တယ်။ဂစ်ဒီတောင်ကြီးမှာ သူတို့လူငယ်အုပ်စုအတွက် ဘယ်လိုကြောက်ဖို့ကောင်းတဲ့အဖြစ်အပျက်တွေက စောင့်မျှော်နေမလဲဆိုတာကိုတော့ရင်တထိပ်ထိပ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။