ဘောလုံးပရိသတ်အားလုံးသိထားကြတဲ့အတိုင်းပဲ Vinicius Junior က နေမာ၊ရော်နယ်ဒင်ဟို ပီလီအစရှိတဲ့ သမိုင်းဝင်ကမ္ဘာကျော်ဘောလုံးသမားတွေလို ဘရားဇီးကနေ အောင်မြင်ကျော်ကြားလာတဲ့လူငယ်ဘောလုံးကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ဘရားဇီးဆိုတဲ့နေရာကတော့ ကမ္ဘာတစ်ဝှမ်းကလူတွေသိထားကြသလိုပဲ လူနေထူထပ်ပြီး အချို့နေရာတွေမှာလူနေမှုအဆင့်အတန်းနိမ့်ပါးတဲ့အလျောက် လူမျိုးစုံ စရိုက်မျိုးစုံရှိကြတဲ့နေရာဖြစ်ပါတယ်။ဒီလိုပတ်ဝန်းကျင်ကနေ ကိုယ့်ရဲ့ သံဓိဌာန်၊ မိဘရဲ့ အားပေးထောက်ခံမှုတို့ကြောင့် ကြိုးစားရင်းအောင်မြင်ပေါက်မြောက်လာအောင် ကြိုးစာခဲ့တဲ့ Vini Jr. အကြောင်းကို ဒီ documentary မှာ နောက်ကွယ်အသေးစိတ်ပါအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဗင်းနစ်တစ်ယောက် ငယ်စဉ်ကတည်းကနေအခုအခြေအနေရောက်အောင် သူဘယ်လိုတွေကြိုးစားခဲ့သလဲ?လမ်းခရီးတစ်လျှောက် ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းခဲ့ရသလဲ?ရီးရဲမက်ဒရစ်ကိုရောက်လာတဲ့အချိန် တက်သစ်စကစားသမားကနေပရော်ဖက်ရှင်နယ်ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်အောင် ဘယ်လိုစွမ်းစွမ်းတမံကြိုးစားခဲ့လဲဆိုတာ ဒီဇာတ်လမ်းထဲမှာ လျှပ်တစ်ဖြတ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။