ဒီအပိုင်းမှာတော့ Flash တစ်ယောက် အပြေးလွန်ပြီး စကြဝဠာမှားရောက်သွားတဲ့အကြောင်းလေးပေါ့။ ဘယ်ရီအဲလန် တစ်ယောက် သူ့ကောင်မလေးနဲ့ ပျော်ပွဲစားထွက်ရင်း Brainac နဲ့ Superman တို့ရဲ့တိုက်ပွဲနဲ့ကြုံပါတယ်။ Superman ဖက်က ဝင်ကူရင်း အပြေးလွန်ပြီး တခြားစကြဝဠာတစ်ခုကိုရောက်သွားပါတယ်။အဲဒီကမ္ဘာမှာ ဟစ်တလာသောင်းကျန်းနေတဲ့ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ကို ရောက်သွားတာပါ။ အဲဒီမှာရှိတဲ့Wonder Woman ခေါင်းဆောင်တဲ့ Justice Society နဲ့တွေ့ပြီး စစ်ပွဲကို တားဆီးနိုင်ဖို့ တူတူပူးပေါင်းကြိုးစားကြတဲ့အကြောင်းလေးပါ။ JS အဖွဲ့ဝင်တွေကတော့ Hourman, Canary, နောက် Flash တစ်ယောက်၊ Hawkman တို့ပါပဲ။နောက်ထပ် Aquaman နဲ့ Superman တို့လည်း ပါပါသေးတယ်။ သူတို့ရဲ့ Role တွေကတော့ ဒီမူဗီထဲမှာပဲကိုယ်တိုင်ကြည့်မြင်ခံစားလိုက်ပါ။