မင်းသမီးချော ရှရဒါးစရီနတ်နဲ့ ကီရှိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Kaliyugam 2064ဆိုတဲ့ 3post-apocalyptic survivalအမျိုးအစား ဇာတ်လမ်းကောင်းလေးကို CM ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားလေးကတော့ တတိယကမ္ဘာစစ် ၇ နှစ်ကြာအပြီးမှာ စစ်လက်နက်ဘေးနဲ့ပြိုကွဲပျက်စီးလုနီးပါးကာလတစ်ခုဖြစ်တဲ့ 2064 ခုနှစ်မှာ အဖိနှိပ်ခံလူတန်းစားတစ်စုရဲ့ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ကြရပုံကို ပုံဖော်ထားတာဖြစ်ပြီး positive reviewတွေလည်းရထားတာဖြစ်လို့ ခုပဲရှုစားလိုက်ကြပါဦးစို့။ခေတ်မီလက်နက်မျိုးစုံနဲ့ တတိယကမ္ဘာစစ်ကြီး 7 နှစ်တာကာလအကြာမှာ ရပ်ဆိုင်းသွားပြီးတဲ့နောက်ပျက်စီးလုနီးနီး ကမ္ဘာကြီးဟာ ဖုန်းဆိုးမြေသာသာဖြစ်ပြီး လူနည်းစုလောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ဒီကျန်ရစ်ခဲ့တဲ့ လူနည်းစုထဲက ထက်မြက်တဲ့လူတချို့က Residenceဆိုတဲ့အဖွဲ့ကိုတည်ထောင်ပြီးကျန်ရှိတဲ့စားနပ်ရိက္ခာနဲ့ ရေတချို့ကို ရှာဖွေစုဆောင်းသိမ်းဆည်းပြီး အပြင်လောကနဲ့ အုတ်တံတိုင်းနံရံကြီးတစ်ခုခြားလို့ သီးခြားနေထိုင်ကြတာပေါ့။ဒါပေမဲ့ ဒီအခွင့်ထူးတွေက သာမန်လူတန်းစားဖြစ်တဲ့နံရံအပြင်ဘက်ကလူတွေအတွက်တော့ မဟုတ်ခဲ့ပါဘူး။ရှင်ကျန်ရစ်တဲ့ လူနည်းစုချင်းတူပေမဲ့ အပြင်ကလူတွေကတော့ ဒုက္ခမျိုးစုံရင်စည်းခံရတဲ့အပြင် Residenceကလူတွေရဲ့ဖိနှိပ်မှုပါ ခံနေရတာပေါ့။အဲဒီမှာ နံရံအပြင်မှာကျန်နေခဲ့တဲ့လူတွေထဲက Liberatorဆိုတဲ့ လွတ်မြောက်ရေးဘက်တော်သားတွေထွက်ပေါ်လာပြီး သူတို့ရဲ့ရပိုင်ခွင့်နဲ့ Residenceထဲက အေးချမ်းတဲ့ဘဝတစ်ခုရဖို့ တိုက်ပွဲဝင်ကြပါတော့တယ်။ဒီတော့ Liberators တွေနဲ့ Resident တွေရဲ့ အားပြိုင်မှုက ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာရှုစားကြပါဦး။