လတ်တလော ထွက်ရှိထားတဲ့ Slasher ဇာတ်ကားတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ ပုံမှန်တွေ့နေကြ လူသတ်ကားမျိုးပါပဲ မိသားစုတစ်စု တောမြို့လေးကို ခရီးထွက်လာတယ်၊ လူသတ်သမားတွေနဲ့ တွေ့တယ်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ပေမယ့် သတ်ခန်း ဖြတ်ခန်းတွေနဲ့ မတူညီတဲ့ အရသာတစ်ခုကို ပေးနိုင်မှာပါ။ ကက်ဆီဟာ အမေဖြစ်သူ ဆုံးပါးပြီး အဖေဖြစ်သူက နောက်မိန်းမ ယူလိုက်လို့ မကျေမနပ်နဲ့ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေ ဖြစ်သူဟာ သူနဲ့ သူ့မိထွေးကို ခေါပြီး တောမြို့လေးတစ်မြို့ကို ခရီးထွက်ပြီးတော့ မိသားစု အဆင်ပြေသွားစေဖို့ ကြိုးစားပါတော့တယ်။