Yuddhakaanda Chapter 2 FHD

Yuddhakaanda Chapter 2

Unknown FHD 2025-06-20 8.3 146 Min

ရှေ့နေကားတွေ ထွက်လေ့မရှိတဲ့ ကန်နာဒါရုပ်ရှင်လောက၊ ဆန်ဒယ်ဝုဒ်ကနေ အသစ်ထွက်လာတဲ့ပထမဆုံးလို့ပြောလို့ရမယ့် တရားရေးဒရာမာရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်နာမည်မှာ Chapter 2 လို့ပါပေမဲ့ ဒီရုပ်ရှင်ဟာ နောက်ဆက်တွဲဇာတ်လမ်းတစ်ခုမဟုတ်ဘဲ အော်ရီဂျင်နယ်ရုပ်ရှင်ဖြစ်ပါတယ်။ပုံမှန်အားဖြင့် အိန္ဒိယ ရှေ့နေကားတွေဟာ သမ္ဘာရင့်နေတဲ့ဇာတ်လိုက်ရှေ့နေကြီးတွေတရားရုံးမှာ ဆရာကျကျ အမှုဆိုင်တာတွေကို ပြတတ်ကြပေမဲ့ ဒီရုပ်ရှင်ကတော့ ဘွဲ့ရခါစရှေ့နေပေါက်စတစ်ယောက်ကိုအဓိကဇာတ်ကောင်နေရာထား ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ ငယ်ငယ်ကတည်းက မိဘမဲ့ဘဝနဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ခဲ့ရပြီး ခက်ခက်ခဲရှေ့နေဖြစ်လာခဲ့တဲ့ ဘာရတ်။အရည်အချင်းရှိပေမဲ့ အတွေ့အကြုံမရှိလို့ ဘယ်ရှေ့နေအဖွဲ့ကမှလက်မခံတဲ့အတွက် ဘာရတ်တစ်ယောက်ရှေ့နေတွေကို ခေါင်းပုံဖြတ်တတ်တဲ့ အသေးစားဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ပြီး နေရာရဖို့ကြိုးစားရင်း သူ လေးစားအားကျရတဲ့ဂန္ထဝင်ရှေ့နေကြီးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ထိပ်တိုက်အမှုဆိုင်ရပုံကိုစိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတာပါ။ရှေ့နေကားဆိုပေမဲ့ မြင်ရခဲတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး ဆက်တိုက်ကြည့်မိအောင်ဆွဲခေါ်သွားမယ့်ရုပ်ရှင်ကောင်းတစ်ခုဖြစ်လို့ ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်…။