ဒီတစ်ခါမှတော့ မလေယာလမ်ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့ မင်းသားကြီး Dileepရဲ့ ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ပရင့်စ်ဆိုသူဟာ မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ဒီဇိုင်နာပညာကိုသင်ယူထားပြီး ဖက်ရှင်ဆိုင်လေးဖွင့်ကာ မိသားစုရဲ့ တာဝန်တွေကို ထမ်းနေရသူတစ်ဦးပေါ့။ပရင့်စ်ရဲ့ ညီနှစ်ယောက်ကတော့ မိန်းမကိုယ်စီရကာ ကလေးတွေနဲ့ဖြစ်နေတဲ့အချိန်ထိပရင့်စ်တစ်ယောက်ကတော့ လူပျိုကြီးအဖြစ်နဲ့ပဲ သူ့စိတ်ကြိုက် အမျိုးသမီးကို ရွေးချယ်လျက်ရှိနေပါတယ်။ဒီလိုနဲ့ ချေးများလွန်းတဲ့ လူပျိုကြီး ပရင့်စ်တစ်ယောက် ဘလော့ကာမလေးနဲ့တွေ့ကာအိမ်ထောင်ကျခဲ့ရပါတော့တယ်။ဒီမှာပဲ ပြဿနာတွေက စတင်လာပါတော့တယ်။ ပရင့်စ်ကတော့ ရှေးရိုးစွဲတည်တည်ငြိမ်ငြိမ်အတွေးနဲ့ရှိပေမဲ့သူယူလိုက်တဲ့ မိန်းမကတော့ ဘလော့ကာလည်းဖြစ် ငယ်ရွယ်သူလည်းဖြစ်တော့ နှစ်ဦးသား ကိုက်ညီမှုမရှိဖြစ်လာတဲ့အခါမှာတော့ ……..ဒီဇာတ်လမ်းမှာ မိသားစုကိစ္စတွေ အသက်အရွယ်ကွာဟမှုကြားကပြဿနာတွေကိုဟာသလေးတွေနှောလို့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦး ပရိသတ်ကြီးတို့ ။