One Piece Film: Strong World FHD

One Piece Film: Strong World

Fantasy Adventure Animation FHD 2009-12-12 7.431 114 Min

ဒီတစ်ခါမှာတော့ တစ်ပိုင်းပြီး တစ်ပိုင်းအဖွဲ့တောင့်လာတဲ့ Luffy တို့ အုပ်စုရဲ့ဇာတ်‌ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ 2009 ခုနှစ်က ထွက်ခဲ့တဲ့10 ကားမြောက် One Piece Film ဖြစ်ပြီး ကျွန်တော်ကြည့်ဖူးသမျှထဲမှာ အကြိုက်ဆုံးလို့ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Luffy တို့အုပ်စုဟာ သင်္ဘောတစ်စီးနဲ့ပင်လယ်ပြင်မှာ စွန့်စားခန်းဖွင့်နေကြရင်း မိုးပေါ်မှာ လွင့်နေတဲ့ ကျွန်းသင်္ဘောကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ရေကြောင်းထိန်းဖြစ်တဲ့ အလှလေး Nami Sanကဆိုင်ကလုန်းမုန်တိုင်းလာတော့မယ်ဆိုတာကို ခန့်မှန်းမိပြီး သူတော်ကောင်း Luffy က‌တော့အဲဒီအကြောင်းကို အပေါ်က ကျွန်းသင်္ဘောပေါ်က လူတွေဆီကို ‌သတင်းလှမ်းပေးလိုက်ပါရော။တကယ်တော့အဲဒီကျွန်းသင်္ဘောပေါ်ကလူဟာ တစ်ခြားလူမဟုတ်ဘဲ သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့East Blue ကို ‌ဖျက်ဆီးပစ်ချင်နေတဲ့ ရွှေ‌ရောင် ခြင်္သေ့ကြီး Shiki ဖြစ်နေခဲ့တာပါ။အဲဒီလိုနဲ့ Shiki ဟာ ရာသီဥတုခန့်မှန်းရာမှာတော်တဲ့ Nami San ကို အပိုင်လိုချင်သွားပြီးLuffy တို့အုပ်စုကို ကျေးဇူးတင်သလိုလိုနဲ့ East Blue ကို ပြန်ပို့ပေးမယ်လို့ အားလုံးကိုလှည့်စားပြီး အလှလေးကို ဖမ်းထားလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း သင်္ဘောပေါ်ကနေပြုတ်ကျပြီး တစ်ကွဲတစ်ပြား ဖြစ်နေခဲ့ကြတဲ့ Luffy တို့ဟာ ထူးဆန်းတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်ကိုရောက်သွားတာပေါ့။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေ‌ရောတစ်ချို့အရာတွေကပါ အရမ်းထူး‌ဆန်းပြီးအရမ်းရန်လိုနေတာကို တွေ့ခဲ့ရတဲ့အခါ….. အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေက ဘာလို့ ထူးဆန်းပြီးအရမ်းရန်လိုနေကြတာလဲ၊ Shiki ကရောဘာတွေကြံစည်နေတာလဲ၊ Nami San ကိုရောLuffy တို့ ပြန်ကယ်နိုင်ပါ့မလား၊ East Blue ကိုရော Shiki က ဖျက်ဆီးနိုင်ပါ့မလားဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရှူစားရမှာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်းLuffy တို့အုပ်စုကြားက စခွီတွေ၊သူငယ်ချင်း သံယောဇဉ်တွေ၊ နောက်ပြီး ဇာတ်ကောင်တွေရဲ့ တိုက်ခိုက်ပုံ Animation effectအမိုက်စားတွေလည်း ပါဝင်တော့ ကြည့်ရှူရတာ တကယ်ကိုတန်တယ်လို့ပြောရမှာပါပဲ။ဒါကြောင့် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…။