ဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ချိန် ၁ နာရီ ၁၅ မိနစ်ခန့်သာကြာမြင့်တဲ့ ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်းနဲ့ချီအချိန်သမိုင်းဦးဘုံမြေခေတ်မတိုင်ခင် ဒိုင်နိုဆောတွေရှိခဲ့တဲ့အချိန်ကို ရည်ရွယ်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ကလေးတွေအတွက်ရည်ညွှန်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက် ပုံပြင်ပြောပြထားတဲ့ ပုံစံနဲ့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ ခေါင်းစဉ်မှာ babesလို့ရေးထားပေမယ့် ကလေးဇာတ်ကောင် တစ်ခုမှပါမနေတာပါပဲ။