ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ အသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ် လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ် လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီ လူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေ ထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာ ဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီး Tomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင် ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသ လိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။