ဆီယက်တယ်လ်က သတင်းထောက် ဘရွတ်ကလင် (McKenzie Westmore) ဟာ နယူးမက္ကဆီကိုရဲ့ ရောင်စုံမီးပုံးပျံပွဲဖီယက်စတာကိုသတင်းယူဖို့ ရောက်လာချိန်မှာ ရိုမန်တစ်ဆန်တဲ့ မီးပုံးပျံပိုင်းလော့ဂျရက်(Paul Greene) နဲ့ ဆုံတွေ့ခဲ့တယ်။သူဟာ ချစ်သူတွေအတွက် ရင်ခုန်စရာ မီးပုံးပျံခရီးတွေ ပို့ဆောင်ပေးနေပေမယ့် သူ့ရဲ့ နှလုံးသားကတော့ အချစ်အတွက် နေရာမရှိပါဘူး။အယ်လ်ဘူကာကီရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကြားမှာသူတို့နှစ်ဦးရဲ့ မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာတဲ့အခါ…ဒီရိုမန်တစ်ဇာတ်လမ်းဟာ အချစ်ရဲ့ မှော်ဆန်မှုနဲ့ မီးပုံးပျံ တွေရဲ့ လွတ်လပ်မှုကို ရောယှက်ပြီး သင့်နှလုံးသားကိုမိုးကုတ်စက်ဝိုင်းထက်လွင့်ပျံစေမယ့်ခရီးစဥ်တစ်ခုကို ကြည့်ရှုလိုက်ကြပါ…..