Summer Days with Coo FHD

Summer Days with Coo

တစ်ရက်မှာ ကိုးအိချိဆိုတဲ့ကောင်လေးဟာ မြေကြီးထဲက ကျောက်တုံးထဲမှာပိတ်မိနေတဲ့ဂျပန်ဒဏ္ဍာရီလာ ကပ်ပါအကောင်လေးကို အမှတ်တမဲ့ ကောက်ယူမိပြီး အိမ်ကိုခေါ်လာခဲ့ပါတယ်။ကပ်ပါဆိုတာကလေးအရွယ်ခန္ဓာကိုယ်အရွယ်အစားကို လိပ်ကျောအခွံနဲ့ခေါင်းမှာအပြားလေးပါတဲ့မြစ်နေသတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ကလူစကားလည်းပြောတတ်ကြသလိုရေကူးလည်းအရမ်းကျွမ်းကျင်ကြပြီး လူတစ်ယောက်ထက်တောင် အားပိုကောင်းပါတယ်တဲ့။ကပ်ပါဆိုရင်သခွားသီးနဲ့တွဲမြင်ရလောက်အောင်လည်း သူတို့က သခွါးသီးလည်းအရမ်းကြိုက်ကြပါသေးတယ်နော်။ အဲဒီ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ကပ်ပါကောင်လေးဟာသူ့ရဲ့မျိုးနွယ်စုတွေကိုရှာဖွေဖို့ကိုးအိချိနဲ့ခရီးတွေသွားရင်း ဘာတွေဆက်ဖြစ်မလဲဘယ်လိုဒရမ်မာတွေခင်းမလဲဆိုတာ သိရအောင် ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။