Time of EVE: The Movie FHD

Time of EVE: The Movie

Drama Science Fiction Animation FHD 2010-03-06 7.181 106 Min

ဒီကားလေးကတော့ လုံးဝကို Underated ဖြစ်ပြီးတော့ Sci-fi ပိုင်းတွေကိုကြည့်ရတာစိတ်ဝင်စားတဲ့သူတွေအတွက် Recommended ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့အကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့အနာဂတ်မှာ စက်ရုပ်တွေကိုအကျယ်အပြန့်အသုံးပြုလာကြတယ်။ ဒီလိုမျိုး လူသားတွေဟာ စက်ရုပ်တွေကို လိုလေသေးမရှိအသုံးပြုလာနိုင်တဲ့အတွက် ဖြစ်သလိုဆက်ဆံလာကြပြီး တစ်ဖက်မှာလည်း စက်ရုပ်တွေကိုသက်ရှိလူတစ်ယောက်လိုဆက်ဆံပြီး နားလည်သဘောပေါက်ပေးတဲ့သူတွေလည်း ရှိလာတယ်။ဒါပေမဲ့ ဒီလိုစက်ရုပ်တွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံမှုတွေကို ပတ်ဝန်းကျင်မှာအထင်သေးကဲ့ရဲ့ခြင်းခံရတယ်။ အဲဒီမှာဇာတ်ကားလေးရဲ့ MC ဖြစ်သူ Rikuo ကလည်းပတ်ဝန်းကျင်အတိုင်း ကြီးပြင်းလာလို့ စက်ရုပ်တွေကိုလိုသလိုခိုင်းစေအသုံးပြုရတယ်လို့ပဲအမြင်ရှိတာပေါ့။ တစ်နေ့မှာသူ့ရဲ့စက်ရုပ် Sammy ဟာထူးဆန်းစွာပြုမူနေတာကိုသူသတိထားမိလာတယ်။ Sammy ရဲ့လှုပ်ရှားမှုမှတ်တမ်းကို ပြန်စစ်ပြီး သူဘယ်တွေသွားခဲ့လဲဆိုတာကိုRikuo ဟာ သူ့သူငယ်ချင်း Masaki နဲ့အတူခြေရာခံရင်း Time of Eve ဆိုတဲ့ထူးဆန်းတဲ့ကော်ဖီဆိုင်လေးကိုရောက်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။