The Thief and the Cobbler FHD

The Thief and the Cobbler

Family Fantasy Romance Animation FHD 1993-09-23 7.083 72 Min

1993 မှာထွက်ခဲ့တဲ့ animation လေးပါပဲ။ သာမန် သမားရိုးကျဖြစ်နေတဲ့ ဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ သူ့ရဲ့ animation style တွေ၊ sound effects တွေက surreal ဆန်ပြီး ကြည့်ရတာအီလေးမသွားစေတဲ့အချက်က ဒီကားကို သမားရိုးကျ 20 ရာစုနှစ် ကာတွန်းရုပ်ရှင်တွေဆီကနေကွဲထွက်သွားစေတဲ့ အချက်ပါပဲ။ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရအောင်။ဟိုးရှေးရှေးတုန်းက ရွှေမြို့တော်ကြီးတစ်ခုရှိတယ်တဲ့၊ အဲမြို့ကြီးရဲ့ အလယ်ကမျှော်စင်ထိပ်မှာမြို့ကို အန္တရာယ်မကျရောက်အောင် စောင့်ရှောက်ထားတဲ့ ရွှေဘောလုံးသုံးလုံးရှိတယ်တဲ့။အဲဘောလုံးသုံးလုံးသာ အခိုးခံရမယ်ဆို မြို့ကြီးလှည်းပျက်သုဥ်းရလိမ့်မယ်ဆိုပြီးဟောကိန်းတွေထုတ်ထားတာရှိတယ်။ ဇာတ်လမ်းတစ်ခုလုံးကလည်း ဒီဟောကိန်းပေါ်မှာပဲအခြေပြုပြီး ဖြစ်လာတာပေါ့။Classic 2d animation လည်း ကြည့်ချင်တယ်၊ မြင်တွေ့နေကျ ဇာတ်ကောင်တွေသီချင်းဆိုပြီးစွန့်စားခန်းဖွင့်ကြတဲ့၊ မင်းသမီးကသီချင်းဆိုရင်း မင်းသားလာကယ်တာစောင့်တဲ့ဇာတ်လမ်းမျိုးတွေလည်းကြည့်ရတာအီနေပြီဆို surreal ဆန်တဲ့ animation တွေနဲ့ ရိုးရှင်းတဲ့story ကို ကောင်းကောင်းပေါင်းစပ်ထားတဲ့ သူခိုးနှင့် ဖိနပ်ချုပ်သမား ဆိုတဲ့ ရုပ်ရှင်က သင့်အတွက်ပါပဲ။