မင်းသမီးလေးကနေ ငန်းမလေးဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။နှစ်ပေါင်းများစွာသားသမီးမထွန်းကားတဲ့ ဘုရင်ကြီးတစ်ပါး တစ်နေ့မှာသမီးတော်လေးတစ်ယောက် ဖွားမြင်လာခဲ့တယ်။ မင်းသမီးလေးငယ်ငယ်ထဲကတစ်ဖက်နိုင်ငံက မင်းသားလေးတစ်ပါးနဲ့ မိဘချင်းသဘောတူထားတာပေါ့။အဲလိုနဲ့ မင်းသမီးလေး အရွယ်ရောက်တဲ့တနေ့မှာတော့ တိုင်းပြည်ကိုသိမ်းချင်နေတဲ့မှော်ဆရာကြီးရဲ့ အကောက်ကြံတာကို ခံရပါတော့တယ်။မင်းသမီးလေး Odette ရဲ့ အသံချိုချိုလေးနဲ့ မင်းသမီးဆန်တဲ့အပြုအမူလေးတွေကမင်းသားနဲ့အတူ ကြည့်ရှူသူကိုပါ မျောသွားစေတာ အမှန်ပါပဲ။Disney ကမဟုတ်တဲ့ နုနုယွယွမင်းသမီးလေးတစ်ပါးရဲ့ ဇာတ်လမ်းလေးပေါ့။another princess story လေးမို့မိုးရွာတဲ့ပိတ်ရက်တွေမှာ မိသားစုနဲ့တူတူ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ခုပါပဲ။