ဒီကားရဲ့ ဒါရိုက်တာ Katsuhiro Otomo ဆိုတာကတော့ Anime သမိုင်းက ဂန္ဓဝင်လက်ရာAkira ကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ သူက ၂၀၀၄ ခုနှစ်က ထွက်ရှိပြီးဉာဏ်ကြီးရှင်တွေဖြစ်တဲ့ Steamမိသားစုအကြောင်းကို ဖော်ပြထားတဲ့ ရုပ်ရှင်ပါ။ထွက်ထားတာကြာနေပြီဆိုနေပေမယ့် Anime ချစ်သူတိုင်း အလွတ်မပေးသင့်တဲ့ဇာတ်ကားကောင်းဖြစ်တာကြောင့် ဒီကားကိုကြည့်ဖို့ Recommend ပေးပါတယ်။ဒီကားမှာဆိုရင် သားအဖဖြစ်သူ ဒေါက်တာLloyd Steam နဲ့ ဒေါက်တာ Eddie Steam တို့ဟာအလုပ်တူတူလုပ်ရင်း ရေနွေးငွေ့ဘောလုံးလို့ခေါ်တဲ့ လူသားတွေရဲ့သမိုင်းကိုပြောင်းလဲပစ်နိုင်တဲ့ နည်းပညာတစ်ခုကိုတွေ့ရှိသွားပါတယ်။ဒါပေမယ့်လည်းသားအဖနှစ်ယောက်က ဒီနည်းပညာကို အသုံးချမှုအပေါ်မှာ သဘောထားတွေကွဲလွဲလာတဲ့အတွက်နည်းပညာကို လျှို့ဝှက်ထားချင်တဲ့ ဒေါက်တာ Lloyd Steam ဟာရေနွေးငွေ့ဘောလုံးကိုမြေးဖြစ်သူ Ray Steam ဆီလျှို့ဝှက်ပို့လိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာကိုလိုချင်နေတဲ့ အခြားသူတွေလည်း အဲ့ဒါကိုလုယူဖို့ကြိုးစားလာတဲ့အတွက် Ray Steamဟာလည်းဒီပြဿနာထဲကို အလိုဆန္ဒမပါပဲ ဝင်ရောက်လာခဲ့ရပါတော့တယ်။ အဲ့ဒီကနေစပြီး ဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ဉာဏ်ကြီးရှင်ပေါက်စလေး Ray ရဲ့ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ပရိတ်သတ်ကြီးတို့ကြည့်ရှုခံစားလိုက်ကြပါဦးနော်….။