ဒီဗားရှင်းကတော့ Webdl ကြည်တောက်ရှင်း ဗားရှင်းပါ။ ဒါပေမဲ့ official release မဟုတ်တော့ စာတန်းထိုးတော့ မရှိသေးပါဘူး။ဟာဝိုင်အီလေသံတွေမို့ ခက်ပေမဲ့ နားထောင်ပြီး ရသလောက် ပြန်ပေးထားပါတယ် 95% လောက်တော့ ကောင်းကောင်းပါပါတယ်။နောက် 4K ကျမှ 100% စာတန်းထိုးရပါလိမ့်မယ်။ မစောင့်နိုင်ရင် ကြည့်လို့ရပါပြီ။ ဖိုင်နယ်ဗားရှင်းကတော့ ဇူလိုင်လကုန်မှ ထွက်မှာပါ။အားလုံးကြိုက်ခဲ့ကြတဲ့ Disney ရဲ့ နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ Lilo & Stitch ကတော့ Live action အဖြစ်ထွက်လာပါပြီ။ပုံမှန် live action ရိုက်ရင် Fail နေကျ Disney က ဒီကားမှာတော့ ရုံတင်ဝင်ငွေကောင်းတစ်ခုနဲ့ Rating ကောင်းကောင်းတွေရထားပြီး အောင်မြင်နေပါတယ်။Hangover 1,2,3 ထဲက နာမည်ကြီး ဟာသမင်းသား Zach Galifianakis ကလည်း ပါဝင်အားဖြည့်ထားပြီး၊လီလိုအဖြစ် ကလေးသရုပ်ဆောင်ရွေးထားတာကလည်း မူလကာတွန်းထဲကအတိုင်း Casting ပိုင်းအတော်လေးအဆင်ပြေပါတယ်။ငယ်ဘဝကကြည့်ခဲ့တဲ့အတိုင်း ဇီဝစမ်းသပ်ချက်လုပ်ရင်း ဓာတ်ခွဲခန်းကနေဖန်တီးပြီးထွက်လာတဲ့ စတစ်ချ်ဆိုတဲ့ ဂြိုလ်သားလေးက ကမ္ဘာမြေပေါ်ကျလာပြီးသူငယ်ချင်းအရမ်းလိုချင်နေတဲ့ ဟာဝီုင်အီသူ လီလိုနဲ့ သွားတွေ့ပြီး သံယောဇဉ်တွယ်သွားပါတယ်။ဒါပေမဲ့ စတစ်ချ်ကို လိုက်ဖမ်းနေတဲ့ မိခင်ဂြိုလ်ကအေးဂျင့် ၂ ယောက်လည်း ကမ္ဘာမြေပေါ်ရောက်လာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမှာဖြစ်ပါတယ်။