(သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေက အတော်ကြမ်းလို့ အသည်းငယ်တတ်သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်) တကယ်တမ်း ဒီနှစ်ရဲ့ နှစ်လယ်ဟာ Horror ဇာတ်ကားကောင်းတွေချည်းဆက်တိုက်ထွက်ပြီး Box Office မှာ မင်းမူခဲ့တဲ့ကာလပါပဲ။ A24 ဆိုလည်း X ဟာ အကြီးအကျယ် ချီးကျူးခံခဲ့ရပြီး နောက်ပိုင်းထွက် Men တို့၊ Bodies Bodies Bodies တို့လည်း နာမည်ရခဲ့ပါတယ်။ အရင်လကုန်မှ ရုံတင်ခဲ့တဲ့ Smile ဆိုလည်း ပရိုမိုးရှင်းအလန်းတွေလုပ်ခဲ့တာနဲ့လည်း တန်အောင် BO Results တွေလည်း ကောင်းနေတယ်။ ဒီကြားထဲမှာလည်း Men, Bodies Bodies Bodies, Pearl, Nope, Fresh, Barbarian စတဲ့ Standalone ကားတွေ၊ ဂိဆရာတွေရဲ့ Crimes of The Future လို Body Horror ကား အပြင် နာမည်ကြီး Franchise တွေရဲ့ အဆက် Reboot အဆုံးသတ်တွေ အနေနဲ့ထွက်လာတဲ့ Texas Chainsaw Massacre, Orphan: First Kill, Hellraiser, Scream, Halloween Ends စတဲ့ စတဲ့ ဟော်ရာကားတွေကလည်း သူ့ဟာနဲ့သူ အောင်မြင်ခဲ့ကြပါတယ်။ ဒီကြားထဲ ရုပ်ရှင်ရုံမှာ ကြည့်နေရင်း လူတွေ အန်ကုန်ကြတာတို့၊ မူးလဲကုန်ကြတာတို့ ဖြစ်ရလောက်တဲ့ထိ ကြမ်းသွားလို့ ဒါရိုက်တာကတောင် ပြန်တောင်းပန်ရတယ်ဆိုတဲ့ Horror ကားလည်း ရှိခဲ့ပါတယ်။ ခု Terrifier 2 ပါပဲ။