ဒါလေးကတော့ One Piece Movie တွေထဲက ၁၂ ခုမြောက်ဖြစ်ပြီးတော့စိတ်ကိုဖမ်းစားနိုင်လောက်အောင်ကောင်းတဲ့ Animation နဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးကတော့ ရေတပ်စခန်းရဲ့ ထိန်းသိမ်းထားတဲ့ ဒိုင်နာကျောက်တုံးတွေဟာရှေးဟောင်းလက်နက်ကြီးတွေနဲ့တောင် ဖျက်ဆီးမှုစွမ်းအား အံတုယှဉ်ပြိုင်နိုင်လောက်တဲ့အထိအန္တရာယ်ရှိတဲ့ကျောက်တွေဖြစ်ပါတယ်။ ဒါကို အရင်ရေတပ်ဗိုလ်ချုပ်မှုးကြီးဖြစ်တဲ့ Z ဆိုသူ Zephyr က ဒါကိုခိုးယူပြီး သူ့ရဲ့နောက်လိုက်တွေနဲ့အတူ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့Neo-Navy ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းလိုက်ပါတော့တယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းအရင်းကတော့ ဝမ်းနည်းစရာ နောက်ကြောင်းဇာတ်လမ်းလေးတွေရှိခဲ့လို့ဆိုတာ သိရပါတယ်။သူဟာ ကမ္ဘာသစ်မှာရှိတဲ့ပင်လယ်ဓားပြတွေအကုန်လုံးကို ချေမှုန်းဖျက်ဆီးဖို့ End Point လို့ခေါ်တဲ့မီးတောင်ကျွန်းသုံးကျွန်းကို ဒိုင်နာကျောက်နဲ့ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။ ဒါတွေပျက်စီးသွားတာနဲ့ကမ္ဘာသစ်ကြီးဟာ လုံးဝချော်ရည်တွေလျှံထွက်လာပြီး အပြစ်မဲ့ပြည်သူရော ပင်လယ်ဓားပြရောအကုန်သေကုန်ကြရမှာဖြစ်တယ်။ ဒီတော့ရေတပ်ကလဲ ငြိမ်ခံမနေပဲ အင်အားအလုံးအရင်းနဲ့ Z ကိုတားဆီးဖို့လုပ်ပါတော့တယ်။ Luffy တို့အဖွဲ့ဟာလည်း ဒဏ်ရာတွေနဲ့ ပင်လယ်ပြင်ပေါ်မျောနေတဲ့ Z ကိုကယ်လိုက်ရာကနေ ဒီလိုကမ္ဘာသစ်ကြီးရဲ့ ကံကြမ္မာကြီးကိုဆုံးဖြတ်ရမဲ့တိုက်ပွဲမှာ မထင်မှတ်ပဲဘယ်လိုတွေပါဝင်ဖြေရှင်းရမယ်ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ကြရအောင်….။