ဒီတစ်ခေါက် Anime Lover တွေကို မိတ်ဆက်ပေးချင်တာကတော့ ကြည့်နေကျAnimation Movie တွေနဲ့မတူတဲ့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ CG AnimatedSci-fi Movie ကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ Olympus ဆိုတဲ့ ကမ္ဘာကြီးမှာလူသားတွေရော၊ Cyborgs တွေရော၊ Cyborgsကနေ ဖန်တီးထားတဲ့ Bioroids တွေရောအတူနေထိုင်ကြပါတယ်။ E S W.A.T တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ Deunan နဲ့ Briareos ဆိုတဲ့Cyborg ဟာ ပါတနာတွေဖြစ်ကြပြီး Halcon ဆိုတဲ့ တပ်ဖွဲ့က အကြမ်းဖက်သမားတွေကိုတိုက်ခိုက်ရင်း Briareosဟာ ဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီလိုနဲ့အချိန်တွေကြာလာပြီး အထက်ကလူတွေက Briareos ဆီကနေ Tereus ဆိုတဲ့Bioroids တစ်ယောက်ကို ဖန်တီးပြီး Deunan ရဲ့ပါတနာအသစ်ဖြစ်စေခဲ့ပါတယ်။တစ်ဖက်မှာလည်း Briareos ဟာ ပြန်သတိရလာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှာပါဝင်တဲ့သူတွေဟာ Cyborg တွေ မဟုတ်ဘဲ လူသားစစ်စစ်တွေဖြစ်နေတာကိုသိသွားခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာလည်း မူမမှန်တာတွေ ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ အဲဒီနောက်မှာလိုက်စုံစမ်းရင်းနဲ့ သူ့ဆီမှာဖြစ်နေတာတွေရော၊ အကြမ်းဖက်တိုက်ခိုက်မှုတွေရောကHalcon နဲ့ဆက်စပ်နေတယ်ဆိုတာကို သိသွားတဲ့အခါ….ဒီတော့ အဲဒီတိုက်ခိုက်မှုတွေမှာ လူတွေပါဝင်နေတာ ရိုးရှင်းရဲ့လား၊ Halcon နဲ့ကရောဘယ်လိုမျိုးပက်သက်နေတာလဲ၊ Briareos နဲ့ ပါတနာ ဆက်ဆံရေးထက်ပိုတဲ့Deunan ကရော Tereus ကို ပါတနာအဖြစ်လက်ခံနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစွာနဲ့စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အစပိုင်းမှာ နည်းပညာအသုံးအနှုန်းတွေပါတော့ နည်းနည်းနားလည်ရခက်နိုင်ပေမယ့်တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာကောင်းလာပြီး နားလည်လာမှာပါ။ 2007 ခုနှစ်ကထွက်ခဲ့တာဆိုပေမယ့် Animation ကတော့ဒီခေတ် CG Animation နဲ့တောင် ယှဉ်လိုရတဲ့အထိ Effects တွေကအမိုက်စားလို့ ပြောလိုရပါတယ်။ထုတ်လုပ်ပေးတာကတော့ 3D/CG animation တွေ Live action တွေနဲ့ နာမည်ကြီးပြီးDeath Note (live action) ကို ထုတ်လုပ်ခဲ့တဲ့ Digital Frontier Studio နဲ့ Micott &Basara ဆိုတဲ့Japanese Film Production တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဒီတော့ပုံမှန် Anime တွေကြည့်ရတာ ငြီးငွေ့နေပြီဆိုတဲ့ သူတွေအတွက်ရောအသစ်အဆန်းလေးတွေကြည့်ချင်တဲ့သူတွေအတွက်ရော ရွေးချယ်လို့ မမှားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။