13 Assassins FHD

13 Assassins

Action Drama Adventure FHD 2010-09-09 7.299 141 Min

၁၉၆၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်..ဂျပန်ဒါရိုက်တာတွေထဲမှာ အထင်ကရအဖြစ်ဆုံး Takashi Miike ရိုက်ကူးထားပါတယ်… အာရှရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး အကောင်းဆုံး Editor ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံး ဒီဇိုင်နာဆုအပြင်အခြားဆုများစွာအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်… IMDB 7.6 အထိရရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ၁၈၄၀ ကျော်လောက်က ဂျပန်ဆာမူရိုင်းခေတ်ကိုအခြေခံထားတာပဲဖြစ်ပါတယ် ထိုစဉ်က ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာ အာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို’ရှိူဂန်’လို့ခေါ်ပါတယ် ‘ရှိူဂန်’ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာ မောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါ ပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ် နာရိဆူဂူဟာ ပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက် ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ်