ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့…ဟိုအရင်များဆီတုန်းက….အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာSolomon Northupဆိုတဲ့လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်ကသူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲအောက်ဆုံးဘဝငရဲကို ထိုးဆင်းသွားရတဲ့Solomonဟာ အသိညဏ်အရည်အချင်းတွေကိုအသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ခွဲခြားမှု…အရက်စက်ဆုံးလူသားတွေရဲ့ လူမဆန်မှုတွေဖြစ်ပေမဲ့ဒီအဖြစ်အပျက်က ဒီကမ္ဘာမှာ တကယ်ဖြစ်ခဲ့ပါတယ်။တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ရက်စက်ပေမဲ့လည်းတစ်ခါတလေတော့လည်း မျှော်လင့်တတ်ကြရပါတယ်။Dialougeတွေထဲ သူမပြောပြခဲ့ပေမဲ့အရက်စက်ဆုံး လူလူချင်း ညှည်းပန်းမှုတွေအောက်မှာမရှင်သန်ရပေမဲ့ ရှင်ကျန်ဝံ့စေခဲ့တဲ့ အိမ်ကလေးဆီမျှော်လင့်ချက်ဝေဝါးဝါးလေးကို သူမစွန့်မလွှတ်ရှိနေခဲ့တာပါပဲ။ ဒီမျှော်လင့်ချက်ကလေးဘယ်ရွေ့ဘယ်မျှအထိရှင်သန်နေမလဲဆိုတာကိုတော့ကိုယ်တိုင်ပဲ ကရုဏာသက်ရင်း ခံစားသက်ဝင်ကြည့်ကြပါ။