13 Hours: The Secret Soldiers of Benghazi FHD

13 Hours: The Secret Soldiers of Benghazi

Action Drama History Thriller War FHD 2016-01-14 7.272 144 Min

ဇာတ်လမ်း​အကျဥ်းကတော့ ၂၀၁၂ ခုနှစ်​မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်​ဗျား​နိုင်ငံ​ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့​အန္တရာယ်​အရှိဆုံး နေရာ​တွေထဲကတစ်ခုဖြစ်လာပါတယ်။ဘင်ဂါဇီမြို့မှာ တရား​ဝင်​မဟုတ်​တဲ့ အမေရိကန်​သံတမန်​ရုံး​တစ်ခု​ရှိပြီး အဲဒီ​သံတမန်ရုံး​နဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာ​မှာ Annex လို့ခေါ်​တဲ့ စီအိုင်အေလျှို့ဝှက်စခန်းရှိပါတယ်။Jack Silver​ ဟာ နေဗီဆီးလ်​တပ်ဖွဲ့​ဝင်​ဟောင်းဖြစ်ပြီး စီအိုင်အေဝန်ထမ်း​တွေရဲ့ လုံခြုံရေး​အတွက်​ပုဂ္ဂလိက​ လက်​နက်​ကိုင်​ ကန်​ထရိုက်တာအဖြစ် တာဝန်​ထမ်းဆောင်​ပေး​ဖို့​ လစ်ဗျား​ကို ရောက်​ရှိလာပါတယ်။အဲဒီ​အချိန်​မှာပဲ အမေရိကန်သံအမတ် လစ်ဗျား​ကို ရောက်ရှိလာပြီး ဘင်​ဂါ​ဇီ​မြို့​က သံတမန်​ရုံး​မှာ တည်း​ခိုနေပါတယ်။9-11 နှစ်ပတ်လည်နေ့ဆိုပြီး စက်​တင်​ဘာ ၁၁ ရက်နေ့​ညမှာပဲ လစ်ဗျား​စစ်သွေးကြွများက သံတမန်​ရုံး​နဲ့ စီအိုင်အေစခန်းကို အင်​အား​အများ​အပြား​နဲ့ တိုက်​ခိုက်​သိမ်း​ပိုက်​ဖို့​ကြိုးစားရာကနေJack Silver​တို့​ရဲ့ ၆ ယောက်ပဲ အဓိကပါရှိတဲ့ လုံခြုံရေး​အဖွဲ့​အနေနဲ့​ အင်အားလုံးဝမမျှတဲ့ကြားက ၁၃ နာရီ​ကြာ ခုခံ​မှုကြီးအတွက် ပြင်ဆင်​ရပါ​တော့တယ်။Michael Bay​ ရဲ့ထုံးစံအတိုင်း non-stop အက်​ရှင်ဖြစ်တဲ့အပြင် battle sequences တွေကလည်း လှပသပ်ရပ်တာမို့ စစ်ကားကောင်းကြည့်လိုသူများ၂ နာရီခွဲကျော်ကြာမြင့်အောင် စိတ်ကြိုက်ထိုင်ကြည့်ရမယ့် ရုပ်ရှင်ကားကြီး​ဖြစ်​ပါတယ်။