Hero FHD

Hero

Drama Family Romance FHD 2022-09-09 8.3 116 Min

၀၂၀ ခုနှစ်အစောပိုင်း ဝူဟန်ကို ရောဂါပိုးတွေ ကူးစပ်ပြန့်နှံ့ချိန် အချိန်ကာလ…., ချွေးမဖြစ်သူ ရှန်ယွဲ့ နဲ့ ယောက္ခမဖြစ်သူ လီကျီ တို့ဟာရောဂါပိုး ရှေ့ဆင့်နောက်ဆင့် ကူးခံလိုက်ရပါတော့တယ် ရောဂါပိုးကူးစပ်ခံလိုက်ရတဲ့အတွက် ရွေးချယ်စရာမရှိဖြစ်ကာ သမီးယောက္ခမနှစ်ယောက် အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ရာမှ အစပြုပြီး ရှေးရိုးစွဲ ယောက္ခဖြစ်သူနဲ့ ညှိနှိုင်းမရတဲ့ ပြဿနာတွေ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတော့တယ် တစ်ချိန်ထဲမှာပဲ ရောဂါတွေစတင်ပျံ့နှံ့ချိန် အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတစ်တွဲဟာ တစ်နယ်စီကွဲကွာလို့နေကြပါတယ် ဝူဟန်မှာနေထိုင်သူ လီကျောင်းဟွာ ဟာ ရောဂါပိုးကူးစပ်ခံနေရချိန်မှာ သူ့ရဲ့ချစ်သူကောင်မလေး ကျိုးရှောင်လုက ပေကျင်းမှာရှိနေခဲ့ပါတယ် ကပ်ရောဂါအခြေအနေတွေကြောင့် ဝူဟန်မြို့ကို Lockdown ချလိုက်သည့်အတွက် ချစ်သူကောင်လေးကို ပြုစုစောင့်ရှောက်ဖို့ ပြန်မသွားနိုင်ခဲ့တော့ပါဘူး သူတို့ခင်မျာ နေ့နေ့ညည Video Call နဲ့သာဆက်သွယ်လို့ရခဲ့ကြရပါတယ်