အထက်တန်းကျောင်းသူဘဝကို ရောက်ရှိနေပြီဖြစ်တဲ့ Dora က မိသားစုနဲ့အတူ တောထဲမှာ နေထိုင်လျက်ရှိပါတယ်။တစ်ရက်မှာတော့ ရှေးဟောင်းလူမျိုးစုတွေရဲ့ ဒဏ္ဍာရီထဲက ဆန်းကျယ်တဲ့ Sol Doradoရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ အန္တရာယ်တွေပြည့်နှက်နေတဲ့စွန့်စားခန်းတစ်ခုထဲကို ချီတက်ကြပါတော့တယ်။လမ်းတစ်လျှောက်မှာ ပဟေဠိတွေ၊ ထောင်ချောက်တွေနဲ့ ရန်သူတွေကိုရင်ဆိုင်ရပြီး Dora ရဲ့ စွမ်းရည်၊ ဉာဏ်ရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားတစ်လျှောက်လုံးမှာပရိသတ်တွေမျှော်လင့်ထားတဲ့ Dora ရဲ့ စူးစမ်းလိုစိတ်နဲ့ချစ်စရာကောင်းတဲ့စကားပြောဟန်တွေ ပါဝင်ပြီး အထူးသဖြင့် သူ့ကျောပိုးအိတ်ထဲက ပစ္စည်းတွေနဲ့မျောက်ကလေးဘု့စ်တို့ရဲ့ပါဝင်မှုက Doraဇာတ်ကောင်နဲ့ရင်းနှီးမှုကို ဖန်တီးပေးပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းသလို လူကြီးတွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ်။CGI အသုံးပြုမှုတွေနဲ့တောထဲကရှုမျှော်လင်းအလှပြအကွက်တွေက ရုပ်ရှင်ကို ပိုမိုစွဲမက်ဖွယ်ဖြစ်စေပါတယ်။Dora ကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်တဲ့သူတွေ၊ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်လိုသူတွေအတွက် ကောင်းမွန်တဲ့ဇာတ်လမ်းရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။