ဇာတ်လမ်းကတော့ ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်လာခဲ့ကြတဲ့ လူသုံးယောက်မှာ နှစ်ယောက်ကသေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်ကသေနတ်ဒဏ်ရာကြောင့်မှတ်ဥာဏ်တွေပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမယ့်သူ့မှတ်ဥာဏ်တွေ မပျောက်ဆုံးခင်မှာငွေတွေကို ဖွက်ထားခဲ့ပြီး ခုနှစ်နှစ်ကြာတဲ့အချိန်မှာ လူတစ်စုက အစောင့်အကြပ်တွေကြားက သူ့ကိုကယ်ထုတ်ပြီး ပိုက်ဆံတွေကိုပြန်ရှာတဲ့အကြောင်း ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ အေးမယ်လို့ ထင်ရပေမယ့်စတားလုံးရဲ့ စူပါဟီးရိုးဆန်တဲ့အခန်းတစ်ချို့ကလွဲရင် တစ်ကားလုံးစိတ်ဝင်စားစရာ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။